သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နှင့်ထိုင်ဝမ် လေကြောင်း ခရီးစတင်


တရုတ်ပြည်မကြီးက ခရီးသည်တွေ တင်ဆောင်လာတဲ့ လေယာဉ်တစီးဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဂျိုး မြို့ကနေ ထိုင်ဝမ်ကျွန်းကို ပထမဆုံး အကြိမ်အဖြစ် ဒီကနေ့ တိုက်ရိုက် ပျံသန်းလာခဲ့ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ခရီးသည် ၁၀၀ ကျော် တင်ဆောင်လာပြီး ထိုင်ပေ မြို့ပြင်က တိုင်ဝမ်း လေဆိပ်ကို ဒီကနေ့ ဆိုက်ရောက်လာခဲ့ကြရာမှာ ထိုင်ဝမ်လူထုက ရိုးရာ နဂါးအကတွေနဲ့ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။

အလားတူပဲ ဘေဂျင်း၊ နန်ဂျင်း၊ ရှန်ဟိုင်းနဲ့ ရှန်မင်းမြို့တွေကနေလည်း ခရီးသည် ၆၀၀ ကျော်ဟာ လေယာဉ်တွေ အသီးသီးနဲ့ ထိုင်ဝမ်ကို ဒီကနေ့ ရောက်ရှိကြမှာ ဖြစ်ပါတယ်။ အဲဒီပြည်မကြီးက ခရီးသည် ၇၀၀ ကျော်ဟာ ထိုင်ဝမ်မှာ ၁၀ ရက်ကြာ နေထိုင် လည်ပတ်ကြမှာ ဖြစ်ပါတယ်။ ဒီ သမိုင်းတွင်မယ့် တရုတ်ထိုင်ဝမ် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်မယ့် အခမ်းအနားကို ဘေဂျင်းလေဆိပ်မှာ ဖွင့်လှစ်ခဲ့ရာမှာ ထိုင်ဝမ်ရေးရာရုံး ညွှန်ကြားရေးမှူး ၀မ်လီက ထိုင်ဝမ်ရေလက်ကြား အပြန်အလှန် ဆက်ဆံရေးကို စတင်နိုင်ခဲ့လို့ ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောဆိုလိုက်ပါတယ်။ ၁၉၄၉ ခုနှစ်က စလို့ နှစ် ၆၀ အတွင်းမှာ ဒါဟာ ပထမဆုံး အကြိမ် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG