သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မြို့တော်မှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ၁၅ဦးသေဆုံး


ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့က ဗလီနီအနားမှာ ရဲတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၁၅ဦး သေဆုံးပြီး ၂၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ထိခိုက်သေဆုံးသူ အတော်များများကတော့ ရဲတွေဖြစ်တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဗလီနီကို စစ်တပ်က စီးနင်းတိုက်ခိုက်ခဲ့တဲ့ တနှစ်ပြည့်အနေနဲ့ တောင်နဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ စုဝေးပြီး အထိမ်းအမှတ်လုပ်ကြပြီးနောက် မကြာခင်မှာပဲ အခုလို တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

ဒီ အထိမ်းအမှတ်လူထုစုဝေးပွဲကို စောင့်ကြည့်လုံခြုံရေးယူထားကြတဲ့ ရဲတွေကို အသေခံဗုံးခွဲသူက ပစ်မှတ်ထား တိုက်ခိုက်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုပြီး သမတ ပါဗာဇ် မူရှရတ်ကတော့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဗလီနီမှာလုပ်တဲ့ အထိမ်းအမှတ် စုဝေးပွဲကြောင့် ပါကစ္စတန်မှာ တင်းတင်းကြပ်ကြပ်လုံခြုံရေးယူထားပါတယ်။ အဲဒီ ဒေသကို ယဉ်သွားယဉ်လာတွေ ပိတ်ဆို့ထားသလို အတားအဆီးတွေ ချထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG