သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုထိပ်သီးညီလာခံ တက်နေတဲ့ သမ္မတဘုရှ်က ဒေါ်စုလွှတ်ပေးရေး တောင်းဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဂျပန်
နိုင်ငံမှာကျင်းပတဲ့ စက်မှုအင်အားကြီးနိုင်ငံ
ရှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်
နေတဲ့ အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ
ဘုရှ် (George W.Bush) က တောင်းဆို
လိုက်ပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံ
မှု၊ ရာသီဥတု ပြောင်းလဲလာတဲ့ အရေးကိစ္စ
တွေကို ဦးစားပေး ဆွေးနွေးမယ့် စက်မှု
အင်အားကြီးနိုင်ငံတွေရဲ့ ဆွေးနွေးပွဲမှာ
မြန်မာ့နိုင်ငံအရေး အပါအဝင် လူ့အခွင့်
အရေးကိစ္စတွေလည်း အရိပ်ထိုးနိုင်တယ်လို့
ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ
တွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စက်မှုအင်အားကြီးနိုင်ငံ ရှစ်နိုင်ငံရဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကိုရောက်
နေတဲ့ အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်က မနေ့က ဂျပန်ဝန်ကြီးချုပ် ယာဆူအို
ဖူကူဒါ (Yasuo Fukuda) နဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့
စိုးရိမ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး
စစ်အစိုးရက အကူအညီပေးရေး အဖွဲ့တွေအပေါ် ကန့်သတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း
ဝေဖန်အပြစ်ဖို့သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လည်း တောင်းဆို
ခဲ့ပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းပေါ်မှာ မီးတောင်ဟောင်း ချော်ရည်အေးခဲရာက
ပေါ်လာခဲ့တဲ့ တိုရာရေကန်ကို အပေါ်စီးကကြည့်တဲ့ ဇိမ်ခံအပန်းဖြေ နားနေရာနေရာ
တွေမှာ ဒီထိပ်သီးဆွေးနွေးပွဲကို ဒီနေ့ စတင်ကျင်းပါတယ်။ သမိုင်းမှာမြကုံဘူးတဲ့
လောင်စာဆီဈေးကြီးမြင့်မှု၊ ကမ္ဘာ့စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ၊ ရာသီဥတု
ပြောင်းလာတဲ့ ကိစ္စတွေ၊ ဖန်လုံအိမ်ဓာတ်ငွေ့ လေျှာ့ချရေးနဲ့ အာဖရိကတိုက်နိုင်ငံတေွကို
အကူအညီပေးရေးကိစ္စတွေ အဓိက ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီလို နိုင်ငံတကာ အကြောင်းအရာတွေ ဆွေးနွေးဖို့ စီစဉ်ထားတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့
ဇင်ဘာဘွေနိုင်ငံတွေလို လူ့အခွင့်အရေးကိစ္စတွေကို အချိန်ပေး ဆွေးနွေးနိုင်ခွင့် ရမှ
ရပါ့မလား။ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုက
အခုလိုသုံးသပ်ပါတယ်။

“အခု ဂျပန်ပြဿနာကလည်း မြောက်ကိုရီးယားကနေပြီးတော့ ဂျပန်ပြည်သူတွေကို
ပြန်ပေးဆွဲတဲ့ကိစ္စကလည်း ရှိနေတော့ အဲဒီကိစ္စကို ဆွေးနွေးမယ်ဆိုရင်တော့
ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံထားရတဲ့ကိစ္စကလည်း ပါလာမှာပဲ။ ဒါကြောင့်မို့လည်း
ပြောတဲ့သဘောတော့ ရှိပါတယ်။ အဲဒါကြောင့် လူ့အခွင့်အရေးကိစ္စကတော့ ဂျပန်နိုင်ငံ
မှာလုပ်နေတဲ့အတွက် ဂျပန်ပြည်သူတွေကိုယ်နှိုက်က ပြောစေချင်တဲ့သဘော ရှိတာ
ကြောင့် ဆွေးနွေးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ဂျပန်နိုင်ငံ တိုကျိုမှာကျင်းပခဲ့တဲ့ စက်မှုအင်အားကြီး
နိုင်ငံ ရှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ မြန်မာစစ်အစိုးရဘက်
က လေဘေးကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီတွေကို လက်ခံလာအောင် G-8
နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။ စစ်အစိုးရဘက်က နိုင်ငံတကာအကူ
အညီတွေနဲ့ ပတ်သက်လို့ ထိန်ချန်ဖုံးကွယ်မှုမရှိဘဲ တာဝန်ယူလာအောင် တိုက်တွန်းဖို့
စက်မှုအင်အားကြီးနိုင်ငံတွေက ကုလသမဂ္ဂကို တောင်းဆိုဖို့လည်း အီတလီနိုင်ငံက
အဆိုပြုခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံအရေးကိစ္စကို ထည့်သွင်းဆွေးနွေးမယ်လို့ မြန်မာ့အရေး
လှုပ်ရှားသူတွေ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒေါက်တာမင်းညိုက အခုလိုပြောပါ
တယ်။

“မြန်မာပြည်ရဲ့ကိစ္စကိုလည်း ကြေညာချက်ထုတ်တဲ့အချိန်မှာ ပါအောင်လို့ ပြောမယ်
ဆိုပြီး ဂျပန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အဲလိုပြောထားတဲ့အတွက် အခု
အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ကတော့ ဒီကိစ္စကို ပါစေချင်တဲ့သဘော ရှိနေပါတယ်။
တကယ်တော့ ထွက်လာမှပဲ တကယ်ပါမပါ သိရမှာပဲ။ ဒါပေမယ့်လည်း မြန်မာပြည်
ကိစ္စက သေးတဲ့ကိစ္စမဟုတ်တော့ အဲဒီကြေညာချက်ထဲတော့ ပါလာလိမ့်မယ်လို့
မျှော်လင့်ရပါတယ်။”

စက်မှုအင်အားကြီးနိုင်ငံ ရှစ်နိုင်ငံဟာ ဂျာမဏီ၊ အီတလီ၊ ကနေဒါ၊ ဂျပန်၊ ပြင်သစ်၊
ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ပါတယ်။

စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတဲ့အချိန် ဂျပန်နိုင်ငံ
အတွင်းမှာ ဆန္ဒပြပွဲတွေ နှစ်ရက်ဆက်တိုက် ကျင်းပတယ်ဆိုပေမယ့် လုံြခံုရေး
တင်းကျပ်တာကြောင့်ရော၊ ဝေးလံတဲ့ အပန်းဖြေကျွန်းမှာ ကျင်းပတာကြောင့်ရော
အနီးဆုံး ဆန္ဒလာပြနိုင်တဲ့အဖွဲ့က အစည်းအဝေးကျင်းပတဲ့ မိုင် ၆၀ ကျော်အကွာအဝေး
မှာ လာပြနိုင်တာပါ။ ဒီထက်နီးတဲ့ ဆန္ဒပြပွဲ မရှိဘူးလို့လည်း သတင်းတွေမှာ ရေးပါ
တယ်။

မြန်မာ့ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ရော ဘယ်လိုမျိုးလှုပ်ရှားမှုတွေ ရှိပါသလဲ၊
အန်န်အယ်လ်ဒီ လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲက ဒု-ဥက္ကဋ္ဌ-၁ ဦးလှဟန်က အခုလို
ေြပာပါတယ်။

“နိုင်ငံခြားရေးဌာနကိုတော့ ကျနော်တို့ စာပို့ထားပါတယ်။ သူတို့ပို့ပေးမယ်လို့တော့
ကတိပေးပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ပြည်သူ့ဆန္ဒခံယူပွဲကိစ္စ၊ အဲဒါကို
အဓိကထားပြီး ဒီဟာ လိမ်လည်မှုတွေရှိတယ်၊ မမှန်ကန်မှုတွေရှိတယ်ဆိုပြီး အဲဒီစာ
ပေးတာပဲ ရှိပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဂျပန်နိုင်ငံ အိုဆာကာနဲ့ ကျိုတိုမှာ
ကျင်းပခဲ့တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်တွေ
အစည်းအဝေးမှာလည်း မြန်မာနိုင်ငံနဲ့ တိဘက်ဒေသ ဘာသာရေးဖိနှိပ်ခံရမှုတွေကို
ဆန့်ကျင်ရှုတ်ချတဲ့ ကြေညာချက်တွေ ထုတ်ပြန်ပေးဖို့ စက်မှုအင်အားကြီးနိုင်ငံ
ရှစ်နိုင်ငံကို ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG