သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောက်ခံသူတွေကို အရေးယူပေးဖို့ လူထုဆန္ဒပြ


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာ
ဝပ် (Thaksin Shinawatra) အပေါ်
ထောက်ခံမှုပေးနေသူတွေကို ရဲက အရေး
ယူပေးပါလို့ တောင်းဆိုပြီး ထောင်ပေါင်း
များစွာသော ဆန္ဒပြသူတွေဟာ
ဘန်ကောက်မြို့က ရဲဌာနချုပ်ရှိရာကို
ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာသက်ဆင်အပေါ် ထောက်ခံသူတွေ
ကို အမှုဖွင့်နိုင်ဖို့ ရဲက တက်တက်ကြွကြွ
ဆောင်ရွက်ခြင်းမရှိဘူးလို့ People Alliance
for Democracy ဦးဆောင်တဲ့ ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့တွေကို စွပ်စွဲခဲ့ပါတယ်။

လက်ရှိဝန်ကြီးချုပ် ဆမတ် ဆွန်ဒရာဝေး (Samak Sundaravej) ဟာ မစ္စတာသက်ဆင်
ရဲ့ ရုပ်သေးရုပ်ဖြစ်တယ်လို့ဆိုပြီး ဝန်ကြီးချုပ်ကို ရာထူးကဆင်းပေးဖို့ ဆန္ဒပြနေတာ
လည်း သီတင်း ၇ ပတ်နီးပါး ရှိနေပါပြီ။ မစ္စတာသက်ဆင် ဝန်ကြီးချုပ်ဖြစ်စဉ်က
အာဏာအလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ မစ္စတာသက်ဆင်နဲ့ သူ့ဇနီးတို့ရဲ့အမှု
ကို အင်္ဂါနေ့မှာ စစ်ဆေးကြားနာဖို့ ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG