မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ
ကြောင့် အလွှာအသီးသီးက မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ပြီး အလုပ်လုပ်နေကြရာ
မှာ စင်ကာပူလိုနေရာမှာ ပညာတတ်တွေကို အလုပ်အကိုင် ကောင်းကောင်းပေးမယ်
ဆိုပြီး မက်လုံးပေး ခေါ်ယူနေတဲ့ ပွဲစားတွေကြောင့် အကြောင်းမလှဘဲ ဘဝဆုံးသွားကြ
ရသူတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ စင်ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေရတဲ့
မခင်ချိုဦးဟာ အိမ်ရှင်နှိပ်စက်တာကို မခံနိုင်လို့ ထွက်ပြေးရာက အိမ်ပေါ်ကပြုတ်ကျပြီး
ကွယ်လွန်သွားခဲ့ရပါတယ်။ မခင်ချိုဦးဟာ မြန်မာနိုင်ငံမှာ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး
ကွန်ပျူတာနဲ့ အလုပ်လုပ်ကိုင်ဖို့ လက်မှတ်ရထားသူလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို
ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မခင်ချိုဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး စင်ကာပူမှာရှိနေတဲ့ ဦးလေးအရင်းဖြစ်သူ
ဦးထွန်းလွင်က မခင်ချိုဦးရဲ့ နောက်ဆုံးတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလို
စပြောပြပါတယ်။
“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျနော်တို့ စကားပြောဖြစ်တယ်ဆိုတာက ကျန်ခဲ့တဲ့ စနေနေ့
မှာ သူ အိမ်ကထွက်လာတယ်။ သူက ဟိုတယ်ကထွက်လာပြီး အဖော်နဲ့ အဲဒီမှာအိပ်ပြီး
တော့ ကျနော့်ဆီကို ကားငှားပြီးလာတယ်။ ပြီးတော့ စနေနေ့ညနေက ကျနော့်အခန်းကို
သူလိုက်ခဲ့တယ်။”
သူက ဦးထွန်းလွင်နဲ့တွေ့တဲ့အချိန်မှာ သူ အလုပ်ကထွက်ချင်တယ်ဆိုတာ ပြောလား။ သူ
ဘာကိုမကျေနပ်တာလဲ၊ ဘာကို စိတ်မချမ်းသာတာလဲ။ ဒီအလုပ်ကိုထွက်ချင်တယ်ဆိုရင်
သူ့မှာ အကြောင်းပြချက်တော့ ရှိမှာပေါ့။ ပွဲစားနဲ့ချုပ်ခဲ့တဲ့ စာချုပ်အပေါ်မှာ မကျေနပ်
တာလား၊ ဘယ်လိုစာချုပ်နဲ့ ရောက်လာလို့ သူက ဒီအလုပ်ကိုလုပ်ရတာလဲ။
“ကျနော့်ကိုပြောတုန်းကတော့ သူက ဦးတဲ့၊ အဖေဆူမှာစိုးလို့တဲ့။ သမီးက နာ့စ်လုပ်ရ
မယ်ဆိုပြီး ထွက်လာတာတဲ့။ ဒါပေမယ့် တကယ်တမ်းလုပ်ရတာက အိမ်ဖော်ဖြစ်နေ
တယ်။ သူ့အဖေသိရင် စိတ်ဆိုးမှာစိုးလို့ သူ့အဖေတယောက်တည်းကို နာ့စ်မဆိုပြီး
ပြောထားတယ်။ အိမ်ရှင်အမျိုးသမီးကလည်း အရမ်းဆိုးတာပဲတဲ့။ သူ ကျနော့်ဆီကို
၆ လပိုင်း၊ ၁၁ ရက်နေ့လား၊ ၁၃ ရက်နေ့လားမသိဘူး၊ ထွက်လာတယ်။ သူ့ကို အိမ်ရှင်
မိန်းမက လက်သည်းနဲ့ကုပ်လို့ ဘယ်ဘက်လက်မနဲ့ လက်ညှိုးကြားမှာ နည်းနည်းပဲ့
သွားတယ်။ နောက် အလုပ်က ပင်လည်းပင်ပန်းတယ်။ ခြေထောက်ကလည်း ယောင်၊
ကျန်းမာရေးကလည်း မကောင်းလို့ မလုပ်တော့ဘူးဆိုပြီး ကျနော့်ဆီ ပြန်လာတယ်။
အိမ်ရှင်မိန်းမက အရမ်းဆိုးတယ်လို့တော့ ကျနော့်ကိုပြောပါတယ်။”
အခုကိစ္စက အေးဂျင့်ကို ဆက်သွယ်လို့ မရသေးဘူး၊ သံရုံးကလည်း ဘာမှလုပ်ပေးမယ်
လို့ ဆက်သွယ်လို့မရဘူးပေါ့။
“ဟုတ်ကဲ့၊ သူ့အဖေကို ခေါ်မယ်လို့ပြောတယ်။ ခေါ်မယ်ဆိုတော့ ရန်ကုန်မှာ ပါ့စ်ပို့လုပ်ဖို့
ဒီက ထောက်ခံစာတွေဘာတွေ ယူသလားလို့ မနက်က သံရုံးကိုသွားမေးတော့
ထောက်ခံစာ လာမယူပါဘူးတဲ့၊ အေးဂျင့်ကလည်း လာမယူပါဘူးလို့ သံရုံးက ကျနော့်ကို
ပြောပါတယ်။”
အိမ်ရှင်ကရော ဘာလုပ်ပေးမယ်ပြောပါလဲ။
“အိမ်ရှင်က သူ့အဖေလာဖို့ကိစ္စတွေကို အကုန်ဆောင်ရွက်ပေးတယ်လို့ ပြောတယ်။
ဒါပေမယ့် ကျနော့်အစ်ကို ဒီတပတ်ထဲမှာပဲ ရောက်အောင်လာမယ်လို့ ကျနော့်အစ်ကို
မနက်က ကျနော့်ကိုပြောပါတယ်။”
အသုဘချတဲ့ကိစ္စကရော။
“အသုဘချဖို့ ဒီမှာ အရာရှိတွေနဲ့ တိုင်ပင်တဲ့အခါကျတော့ သူ့အဖေလာမှ သင်္ဂြိုဟ်လို့
ရမလားလို့မေးတော့ ရပါတယ်တဲ့။ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ မသိသေးပါ
ဘူး။”
မခင်ချိုဦးရဲ့ ဦးလေး ပြောသွားတာဖြစ်ပါတယ်။
မခင်ချိုဦးသေဆုံးခဲ့တဲ့ကိစ္စ အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် အဝေးရောက် မြန်မာ
မိသားစုများက ဝိုင်းဝန်းလုပ်ဆောင်နေကြတဲ့ အကြောင်းကိုလည်း အဖွဲ့ဝင် ကိုစိုးမိုးက
အခုလိုပြောပြပါတယ်။
“စင်ကာပူမှာရှိတဲ့ မြန်မာကလပ်က တရားဥပဒေနည်းလမ်းအတိုင်း အစစအရာရာ
ဖြစ်ဖို့ လုပ်နေပါတယ်။ မျိုးချစ်မြန်မာလူငယ်တွေက လိုက်ကူညီနေပါတယ်။ အခု
ကျနော်တို့ ပင်နင်ဆူလာပလာဇာမှာ သူ့အမျိုးတွေနဲ့ တွေ့နေတယ်။ တွေ့တော့
လောလောဆယ် သူတို့ အခုအချိန်အထိ အလောင်းကိုလည်း မကြည့်ရသေးဘူး။ ဒီမှာ
ရှိတဲ့အေးဂျင့်ကလည်း သူတို့ကို တိုက်ရိုက်စကားပြောတာတွေ၊ ဆက်ဆံတာတွေ မရှိ
သေးဘူး။ မြန်မာပြည်ဘက်က အေးဂျင့်ကတော့ ရန်ကုန်အိမ်မှာ သူတို့ကိုသွားပြီး
ညှိနေတာတွေ ရှိတယ်ဆိုတော့ တချို့ဟာတွေက ပုံမှန်မဟုတ်တဲ့ဟာတွေ တွေ့နေရ
တယ်။ အဲတော့ တရားဥပဒေအတိုင်း ပုံမှန်အတိုင်းဖြစ်ဖို့၊ လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်ဖို့
မြန်မာကလပ်က အတွင်းရေးမှူးကိုယ်တိုင်ဆင်းပြီး လိုက်လုပ်နေပါတယ်။”