သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထက်ဝက်လျှော့ချရေး စက်မှုထိပ်သီးများ သတ်မှတ်


သက္ကရာဇ် ၂၀၅၀ ခုနှစ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့
ထုတ်လွှတ်မှု တဝက်ထိလျှော့ချဖို့ ရည်မှန်းချက်
တရပ်ကို G-8 လို့ခေါ်တဲ့ ကမ္ဘာ့စက်မှုထိပ်သီး
နိုင်ငံ ၈ နိုင်ငံခေါင်းဆောင်တွေ သဘောတူ
ချမှတ်လိုက်ကြပါပြီ။

G-8 အစည်းအဝေးကို ဂျပန်နိုင်ငံက အိမ်ရှင်
အဖြစ်လက်ခံပြီး နိုင်ငံမြောက်ပိုင်းက
ဟော့ကိုင်းဒိုးကျွန်း အပန်းဖြေစခန်းမှာ ကျင်းပ
နေတာပါ။ သဘောတူညီချက်ကို အိမ်ရှင်
ဂျပန်ဝန်ကြီးချုပ် ယဆုအို့ ဖုကုဒ (Yasuo Fukuda) က ဒီကနေ့ ကြေညာခဲ့တာဖြစ်ပါ
တယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေးကို ရှေးရှုပြီး နိုင်ငံတခုချင်းစီ
ဟာ သတ်မှတ်ကာလ တဝက်အတွက် သူတို့ရဲ့ကိုယ်ပိုင် အားကောင်းတဲ့ ရည်မှန်းချက်
တွေကို ချမှတ်နိုင်ရေး သဘောတူညီချက်က ခွင့်ပြုထားတယ်လို့ မစ္စတာဖုကုဒက
ပြောပါတယ်။

ဒီသဘောတူညီချက်ဟာ အိန္ဒိယနဲ့ တရုတ်လို တိုးတက်လာနေတဲ့ နိုင်ငံတွေလည်း
ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့ သဘောတူရမယ်ဆိုတဲ့
အမေရိကန်သမ္မတဘုရှ် (Bush) ရဲ့ တောင်းဆိုချက်နဲ့ လိုက်လျောညီထွေရှိတယ်လို့
မစ္စတာဘုရှ်ရဲ့ ပတ်ဝန်းကျင်ရေးရာ ထိပ်တန်းအကြံပေးပုဂ္ဂိုလ် ဂျင်မ် ကွန်နော်တန်က
ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG