G 8 ခေါ် ကမ္ဘာ့စက်မှုထွန်းကား ၈ နိုင်ငံ ထိပ်သီး
စည်းဝေးပွဲ ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဒုတိယနေ့
အဖြစ် ဆက်လက်ပြုလုပ်လာတဲ့အခါ ကမ္ဘာ့
ရာသီဥတု ပြောင်းလဲမှုကိစ္စ အာရုံစိုက် ဆွေးနွေး
ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုနေကြပါတယ်။
ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ရေး သဘော
တူညီချက် လက်ခံလာအောင် သမ္မတဘုရှ်အား
ဖိအားပေးကြဖွယ်ရှိတယ်လို့ အကဲခတ်သမား
များက ထင်ကြေးပေး တွက်ဆနေကြပါတယ်။
အလုပ်ဖြစ်မယ့် သဘောတူညီချက်ရရှိရေး ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးကို သဘော
တူညီချက်မှာ ထည့်သွင်းတဲ့အခါ စီးပွားရေး တိုးတက်ဖွံ့ဖြိုးလာတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံ
တို့လည်း ဘယ်လိုသဘောတူညီချက်မှာမဆို ပါဝင်ရလိမ့်မယ်လို့ သမ္မတဘုရှ်က ပြောဆို
ထားပြီးဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးကျွန်းက G 8 ထိပ်သီးစည်းဝေးပွဲ အဖွင့်နေ့မှာတော့ အာဖရိက
တိုက်ရဲ့ အထောက်အပံ့ကိစ္စများကိုသာ အချိန်ပေးပြီး အဓိကထား ဆွေးနွေးသွားပါ
တယ်။ G 8 ထိပ်သီးစည်းဝေးပွဲမှာ ဇင်ဘာဘွေနိုင်ငံအပေါ် တိုးပြီး ဒဏ်ခတ်အရေးယူဖို့
ကိစ္စ တက်လာတဲ့အခါ အာဖရိကခေါင်းဆောင်တွေအကြား သဘောထားအမျိုးမျိုး
ကွဲပြားနေပါတယ်။
ဇင်ဘာဘွေသမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့မှာ သမ္မတ ရောဘတ် မူဂါဘီ
(Robert Mugabe) တယောက်တည်းပြိုင်ပြီး တယောက်တည်း အနိုင်ယူကာ အာဏာ
ဆက်ပြီး ယူထားတာဟာ စိတ်ပျက်စရာပဲလို့ သမ္မတဘုရှ်က ပြောဆိုလိုက်ပြီး အာဖရိက
သမဂ္ဂ အလှည့်ကျဥက္ကဋ္ဌ တန်ဇန်နီးယားနိုင်ငံ သမ္မတကတော့ ဇင်ဘာဘွေနိုင်ငံအပေါ်
ဒဏ်ခတ်အရေးယူမှာကို ဆန့်ကျင်ကြောင်း သတင်းထောက်များအား ပြောဆိုပါတယ်။