သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေကို အရေးယူဖို့ လုံခြုံရေးကောင်စီမှာ အမေရိကန် ဖိအားပေး


အမေရိကန်က အမှူးပြုပြီး ဇင်ဘာဘွေနိုင်ငံကို
ပိတ်ဆို့အရေးယူကြဖို့ ဆုံးဖြတ်ချက်မူကြမ်းဟာ
လုံခြုံရေးကောင်စီမှာ ထောက်ခံမဲ အလုံ
အလောက် ရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်
ရာ ပြင်သစ်သံအမတ်ကြီး ဂျင်း မောရစ္စ ရီပေး
(Jean-Maurice Ripert) က အင်္ဂါနေ့က
ပြောလိုက်ပါတယ်။

အဲဒီဆုံးဖြတ်ချက် မူကြမ်းအရ ဇင်ဘာဘွေရဲ့
လက်နက် ကုန်သွယ်ရောင်းဝယ်ခွင့်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ဆို့တားမြစ်မှာ
ဖြစ်ပြီး သမ္မတမူဂါဘီ (Mugabe) ရဲ့ အစိုးရမှာပါဝင်သူ ၁၄ ဦးကိုလည်း အဓိက ပစ်မှတ်
ထားမှာ ဖြစ်ပါတယ်။

တဖက်မှာ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်တလေ ချာကင် (Vitaly Churkin)
ကတော့ ဒီမူကြမ်းထဲမှာပါတဲ့ အချက်တွေဟာ ပြင်းထန်လွန်းတာကြောင့် ရုရှားနိုင်ငံ
အနေနဲ့ ဗီတိုအာဏာသုံးပြီး ကန့်ကွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ တောင်အာဖရိကနိုင်ငံ သံအမတ်ကတော့ ဒီလိုပိတ်ဆို့အရေးယူမှု
တွေဟာ အခြေအနေတွေကို ပိုပြီးရှုပ်ထွေးစေမှာဖြစ်တယ်လို့ ပြောပါတယ်။ ဟယ်ရာရီး
မြို့မှာရှိတဲ့ ဇင်ဘာဘွေ တရားရေးဆိုင်ရာဝန်ကြီးက အတိုက်အခံပါတီရဲ့ ကိုယ်စားလှယ်
တွေဟာ သမ္မတ မူဂါဘီနဲ့တွေ့ဆုံဖို့ သဘောတူလိုက်ကြောင်း ပြောပါတယ်။ ဘယ်တော့
တွေ့ဆုံမယ်ဆိုတာတော့ မသိရသေးပါဘူး။

အတိုက်အခံပါတီဘက်ကတော့ ဒီလိုတွေ့ဆုံဖို့ စီစဉ်တာဟာ မှန်မမှန်ကြောင်းကို
အတည်ပြုပြောကြားဖို့ ငြင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG