သုံးရလွယ်ကူစေသည့် Link များ

ကန့်ကွက်မှုများကြား အီရန်က ဒုံးကျည် ထပ်မံစမ်းသပ်


အီရန်နိုင်ငံက ဗုဒ္ဓဟူးနေ့က ဒုံးလက်နက် ၉ ခုကို
စမ်းသပ်ပစ်လွှတ်ခဲ့လို့ အနောက်နိုင်ငံတွေက
ပြစ်တင်ဝေဖန်နေတဲ့ကြားက ဒီနေ့ထပ်ပြီး ပါရှန်း
ပင်လယ်ကွေ့မှာ ဒုံးလက်နက်တွေ ထပ်ပြီး
စမ်းသပ်လိုက်ပါတယ်။

မြေပြင်ကနေ ပင်လယ်၊ မြေပြင်ကနေ မြေပြင်၊
ပင်လယ်ကနေ ဝေဟင်ကိုပစ်လွှတ်တဲ့ မနေ့ည
က တညလုံးလိုလို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့
အီရန်နိုင်ငံပိုင် သတင်းတွေက ဖော်ပြပါတယ်။

ရှာဟတ် ၃ လို့ နာမည်ပေးထားတဲ့ တာဝေးပစ်
ဒုံးလက်နက်တွေကို မနေ့က စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ အဲဒီဒုံးလက်နက်တွေဟာ
အစ္စရေးနဲ့ တခြား အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်နိုင်ငံတွေအထိ မိုင်ပေါင်း
၁,၂၅၀ အထိ ပစ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ရော မဟာမိတ်တွေ
အပေါ် ကျရောက်လာမယ့် အန္တရာယ်ကို ကာကွယ်ဖို့ပါ ပြင်ဆင်ထားပြီးဖြစ်တယ်လို့
ဂျော်ဂျီယာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ
ရိုက်စ် (Condoleezza Rice) က အီရန်နိုင်ငံကို သတိပေးလိုက်ပါတယ်။

ပါရှန်းပင်လယ်ကွေ့ထဲမှာ ဆိုက်ကပ်ထားတဲ့ အစ္စရေးနဲ့ အမေရိကန်ရေတပ်က ရေတပ်
သင်္ဘောတွေဟာ ပထမဆုံး စမ်းသပ်မီးရှို့ခံရမယ့် ပစ်မှတ်တွေပဲလို့ အီရန်ဘာသာရေး
ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က ပြီးခဲ့တဲ့
အပတ်က ကြုံးဝါးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG