သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုအပေါ် အမေရိကန် ပြစ်တင်ဝေဖန်


အီရန်နိုင်ငံကနေ တာဝေးပစ် ဒုံးကျည် ၉စင်း အစမ်းပစ် ပြုလုပ်ခဲ့တာမို့ အီရန်ရဲ့ လက်နက်တွေဟာ အစ္စရေးနဲ့ တခြား အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေဆီအထိ ပစ်လွှတ်နိုင်တယ်လို့ ပူပန်လာကြပါတယ်။ အခုလို အီရန်က ဒုံးကျည် စမ်းသပ်ပစ်လွှတ်တာနဲ့ ပတ်သက်ပြီး အမေရိကန် ဗုဒ္ဓဟူးနေ့မှာ ရှုတ်ချလိုက်ပါတယ်။
ဒါပေမဲ့ အီရန်အခု စမ်းသပ် ပစ်လွှတ်မှုတွေဟာ အီရန်ကို အမေရိကန်က စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်ဖို့ ဘယ်လိုမှ နီးစပ်မလာစေဘူးလို့ ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်စ်က ပြောပါတယ်။

အီရန် တော်လှန်ရေး တပ်ဖွဲ့ ဦးစီးမှူး ဟိုဆန် စလာမီကတော့ အခုလို အီရန်က စစ်ရေးလေ့ကျင့်မှုဟာ ရန်ဘက်တွေအတွက် အီရန်နိုင်ငံရဲ့ စွမ်းဆောင်နိုင်တဲ့ အင်အားကို ပြတာလို့ ပြောပါတယ်။ အီရန်ရဲ့ နယူးကလီးယား လက်နက်အမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးတို့ဘက်က တိုက်ခိုက်လာနိုင်တယ်လို့ အီရန်က အပြင်းအထန် သတိပေးခဲ့တဲ့နောက်မှ အခုလို လက်နက် စမ်းသပ်ခဲ့တာပါ။ အီရန်ဟာ နယူးကလီးယား လက်နက်တွေ ထုတ်ဖို့ ကြိုးစားနေတယ်လို့ နိုင်ငံကြီးတွေက သံသယရှိနေပေမယ့် ဒါကို အီရန်က ငြင်းပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG