သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄၃နိုင်ငံပါဝင်တဲ့ မြေထဲပင်လယ်သမဂ္ဂ ဖွဲ့စည်းလိုက်ပြီ


ဥရောပသမဂ္ဂ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံက ခေါင်းဆောင် တွေဟာ မြေထဲပင်လယ်သမဂ္ဂ ဖွဲ့စည်းပြီး အထိမ်းအမှတ် အနေနဲ့ ပါရီ မြို့တော်မှာ တနင်္ဂနွေနေက တွေ့ဆုံပွဲတရပ်ကို ကျင်းပခဲ့ကြပါတယ်။

ပြင်သစ်နဲ ့အီဂျစ်နိုင်ငံဟာ ခုလာမယ့် ၂ နှစ်မှာ ပူးတွဲသဘာပတိအဖြစ်တာဝန်ယူမှာ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ Nicolas Sarkozy က ခုလိုအရှေ့ အလယ်ပိုင်းသမဂ္ဂဖ့ွဲ့စည်းလိုက် ခြင်းဟာ ဒေသတွင်းအတွက်သော်လည်းကောင်းြပင်သစ်နဲ့ ဥရောပ တိုက် အတွက်သော်လည်းကောင်း အရေးကြီးတဲ့ သမိုင်းတစ်ဆစ်ဖြစ်တယ်လို့ပြောပါတယ်။

အဲဒီ ထိပ်သီးအစည်းအဝေးပွဲမှာ Syrian သမ္မတ Bashar Assad၊ Israeli ဝန်ကြီးချုပ် Ehud Olmert နဲ့ Palestine သမ္မတ Mahmoud Abbas တို့လည်း ပါဝင်ခဲ့ကြ ပါတယ်။ ဒီ အသစ်ဖွဲ့စည်းလိုက်တဲ့ သမ္မဂ္ဂ မှာ နိုင်ငံပေါင်း ၄၃ နိုင်ငံပါဝင်ပါတယ်။

Libya နိုင်ငံကတော့ သူတို့ရဲ့ဝန်ကြီးတဦးကို လေ့လာသူအနေနဲ့ တက်ရောက်စေခဲ့ပါတယ်။ လစ်ဗျား ခေါင်းဆောင် Gadhafi က ဒီ သမဂ္ဂ ဖွဲ့ စည်းလိုက်တာဟာ အာရပ်နဲ့အာဖရိကနိုင်ငံများကို စော်ကားတာပဲဖြစ်တယ်လို့ ကန့်ကွက်လိုက် ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG