သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာအမေရိကန် သံရုံးထားရှိရေး အီရန်သမ္မတစဉ်းစားမည်


အီရန် သမ္မတ Mahmoud Ahmadinejad က အီရန်နိုင်ငံရဲ့Tehran မြို့တော်မှာ အမေရိကန် သံရုံး ထားရှိဖို့ကိစ္စကို လိုလိုလားလား စဉ်းစားမယ်လို့ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။

ဆက်လက်ပြီး သူက အီရန်နဲ့အမေရိကန်ပြည်သူတွေကြားမှာ ပိုပြီးရင်းနှီး ပျူငှာမှုတွေကို ဆောက်တည်ဖို့ ကိုကြိုဆို တယ်လို့ပြောပါတယ်။ အီရန်နိုင်ငံမှာ အမေရိကန်သံရုံး ဖွင့်ဖို့ကိစ္စကို အမေရိကန်ဘက်က တရားဝင် ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘူးလို့လည်းသူကဆိုပါတယ်။

ပြီးခဲ့ ဇွန်လတုံးကတော့ အမေရိကန် အရာရှိတွေအကြား Tehran မြို့တော်မှာ အမေရိကန်သံရုံး ဖွင့်သင့် မဖွင့်သင့်ကို အကြိတ်အနယ် ဆွေးနွေးခဲ့တာကို အမေရိကန် မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

၁၉၇၉ ခုနှစ်က Tehran မြို့တော်မှာရှိတဲ့ အမေရိကန် သံရုံးကို အီရန် အစွန်းရောက် အဖွဲ ့တွေက ဝင်ရောက် စီးနင်း ခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဟာ ၁၉၈၀ ကစပြီး တရားဝင် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG