သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာဂမ်ဘာရီ ရှေ့လထဲ မြန်မာနိုင်ငံသွားရန် စီစဉ်


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari)
ဟာ ရှေ့လ၊ သြဂုတ်လမှာ မြန်မာနိုင်ငံဆီကို
သွားဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂက
ပြောကြားခဲ့ပါတယ်။ မစၥတာဂမ္ဘာရီဟာ
မြန်မာနိုင်ငံကို မေလတုန်းကသွားဖို့ အစီ
အစဉ် ရှိခဲ့ပေမယ့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း
ကြောင့်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီး အခုတော့
မြန်မာအစိုးရဆီက ဖိတ်ခေါ်စာကို ရရှိတဲ့
အကြောင်း ကုလသမဂ္ဂက ထုတ်ဖော်
ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီတခါ မစ္စတာ
ဂမ်ဘာရီ မြန်မာနိုင်ငံကိုသွားတဲ့အခါ မြန်မာ
နိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဘယ်လိုတွန်းအားတွေပေးဖို့ အစီအစဉ်ရှိပါသလဲ၊
မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းပြီး မစုမြတ်မွန်က တင်ပြ
ပေးထားပါတယ်။

မြန်မာစစ်အစိုးရက မစ္စတာဂမ်ဘာရီကို သြဂုတ်လလယ်ထဲမှာ မြန်မာနိုင်ငံကို
လာရောက်နိုင်ကြောင်း ဖိတ်ခေါ်စာကို ကုလသမဂ္ဂက ရရှိခဲ့တယ်ဆိုတာကို ကုလ
သမဂ္ဂရုံး ပြောခွင့်ရသူက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရရှိရေးတို့အတွက် ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တာဝန်ပေးမှုအရ မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို
သွားနေတာဖြစ်ပါတယ်။ မတ်လတုန်းက မြန်မာနိုင်ငံကို နောက်ဆုံးသွားခဲ့တဲ့ မစ္စတာ
ဂမ်ဘာရီဟာ မေလထဲမှာ မြန်မာနိုင်ငံကိုပြန်သွားဖို့ စီစဉ်ထားခဲ့ပေမယ့် နာဂစ်တိုင်း
ကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရပြီး အခု စစ်အစိုးရရဲ့ ဖိတ်ခေါ်စာကြောင့် ဘယ်နေ့
လောက် မြန်မာနိုင်ငံကို သွားမှာလဲလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟွာဂျန်း
ကို ဗွီအိုအေက မေးကြည့်ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကိုသွားဖို့
မျှော်လင့်နေပါတယ်။ ဒါပေမယ့် ဘယ်နေ့ အတိအကျသွားမလဲ၊ ဒီခရီးစဉ်မှာ ဘာတွေကို
အဓိကထား ဆွေးနွေးမလဲဆိုတဲ့ ခရီးစဉ်အစီအစဉ် အသေးစိတ်ကိုတော့ စစ်အစိုးရနဲ့
ကုလသမဂ္ဂကြားမှာ ဆွေးနွေးနေဆဲပါ။”

နောက်ဆုံးတခေါက် မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံက ပြန်လာပြီးကတည်းက မြန်မာ
နိုင်ငံမှာ ဒီမိုကရေစီစနစ်ဆီ ဦးတည်တဲ့ လက်တွေ့ကျတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ
မရှိဘူးလို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရခေါင်းဆောင်တွေကြားမှာ ဆွေးနွေးမှုတွေလည်း
မရှိတဲ့အတွက် ဒီတခါ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံကိုသွားရင် နိုင်ငံရေးအခြေအနေ
တိုးတက်ဖို့ ဘယ်လိုတွန်းအားပေးနိုင်မလဲလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူကို
မေးကြည့်တော့ …

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်အတွက် သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးလာဖို့
တွန်းအားပေးရေးဟာ မစ္စတာဂမ်ဘာရီလုပ်ရမယ့် တာဝန်တရပ်ဖြစ်ပါတယ်။ မြန်မာ
နိုင်ငံကို မစ္စတာဂမ်ဘာရီ ရောက်တဲ့အခါမှာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရင် ဒီကိစ္စကို
လည်း ထည့်ပြီးဆွေးနွေးပါလိမ့်မယ်။” လို့ ပြောသွားပါတယ်။

နောက်ဆုံးတခေါက် ခရီးစဉ်အတွင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မစ္စတာဂမ်ဘာရီ
တွေ့ဆုံခွင့်မရခဲ့ပါဘူး။ နောက်ပြီး မစ္စတာဂမ်ဘာရီကိုယ်တိုင်က သူ့ရဲ့ခရီးစဉ်အပေါ်
စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ အခုတခေါက်ခရီးစဉ်မှာရော ရလဒ်ကောင်းတွေ
ရလာဖို့ မျှော်လင့်နိုင်ပါ့မလားလို့ မေးတဲ့အခါမှာတော့ မစ္စဟွာဂျမ်းက …

“လုပ်ငန်းစဉ်တရပ်ကို ဆောင်ရွက်နေတယ်ဆိုတာကို မစ္စတာဂမ်ဘာရီက ဟိုးအစ
ကတည်းက ပြောထားပြီးသားပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံက ပေးထားတဲ့
လုပ်ပိုင်ခွင့်နဲ့ ဆောင်ရွက်နေတဲ့ မစ္စတာဂမ်ဘာရီနဲ့ စစ်အစိုးရတို့ရဲ့ နှစ်ဖက် ဆက်လက်
အားထုတ်မှုပေါ်မှာ မူတည်ပါတယ်။ ဆက်ပြီး တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ရာကနေ
မြန်မာနိုင်ငံ တိုးတက်မှုတွေ တဖြည်းဖြည်းရလာမယ်လို့ မစ္စတာဂမ်ဘာရီက မျှော်လင့်
ပါတယ်။”

ဒီခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း မျှော်လင့်နေ
ကြောင်း မစ္စတာဂမ်ဘာရီရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စဟွာဂျမ်း ပြောသွားတာ ဖြစ်ပါ
တယ်။

မြန်မာနိုင်ငံမှာ ၂၀၀၇ စက်တင်ဘာလက ရဟန်းသံဃာတွေဦးဆောင်တဲ့ ဆန္ဒပြမှု
တွေကို စစ်အစိုးရက အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးတဲ့နောက် နိုင်ငံတကာရဲ့ ဖိအားကြောင့်
မစ္စတာဂမ်ဘာရီဟာ မြန်မာနိုင်ငံကို ၃ ကြိမ် သွားရောက်နိုင်ခဲ့ပါတယ်။ မကြာခင်က
ဂျပန်နိုင်ငံမှာလုပ်ခဲ့တဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံရဲ့ ထိပ်သီးညီလာခံမှာ G-8 နိုင်ငံ
ခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ တရားမျှတပြီး ဒီမိုကရေစီစနစ်ကျတဲ့ အရပ်
သားအစိုးရ ငြိမ်းငြိမ်းချမ်းချမ်း ပေါ်ပေါက်လာရေးအတွက် မြန်မာစစ်အစိုးရက
ဆောင်ရွက်ဖို့နဲ့ မစ္စတာဂမ်ဘာရီနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ ကြေညာချက်
ထုတ်ပြီး တိုက်တွန်းခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG