သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းမှ နိုးထစေမည့် ကာတွန်းပြပွဲ


နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရာက ပြန်လည်နိုးထဖို့ ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေရဲ့
အားမာန်ကို ရည်ညွှန်းတဲ့၊ အလားအလာကောင်းကို ဖော်ညွှန်းတဲ့ ကာတွန်းပြပွဲတခု
ပြသဖို့ စီစဉ်နေပါတယ်။ ရန်ကုန် ပန်းဆိုးတန်း လောကနတ်ပန်းချီပြခန်းမှာ ဇူလိုင်လ
၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံကျော်ကာတွန်းဆရာတွေရဲ့
လက်ရာတွေသာမက ကာတွန်းဆရာတွေကိုပါ လူကိုယ်တိုင် တွေ့မြင်ကောင်း တွေ့မြင်
နိုင်ပါတယ်။ အကြောင်းစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မုန်တိုင်းမှနိုးထခြင်းဆိုတဲ့ ကာတွန်းပြပွဲနဲ့ပတ်သက်လို့ ကာတွန်း အော်ပီကျယ်က
အခုလိုပြောပါတယ်။

"မြန်မာပြည်မှာရှိသမျှ ကာတွန်းဆရာတွေအကုန်လုံး လှမ်းပြီး ဖိတ်စာတောင်းထားတာ
ပဲ။ လက်လှမ်းမီသရွေ့ပေါ့။ အချိန်တော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်းက ပြောထား
တာပဲ။ Theme ကိုတော့ နာဂစ်ကိုအဓိကထားချင်ပေမယ့် တခြား မိမိနှစ်သက်ရာရေး
ခွင့်လည်း ပေးထားပါတယ်။ ပြပွဲမှာ ကာတွန်းကိုရောင်းမယ်။ ၀ယ်လို့ရှိရင် ရောင်းရတဲ့
ငွေကို နာဂစ်အလှူအနေနဲ့ လှူမယ်။"

Eco Vision ဂျာနယ်က ကာတွန်းဝင်းအောင်ကတော့ လေဘေးအတွက် အနုပညာ
သမားတွေ တတ်နိုင်တဲ့ဘက်က ၀င်ရောက်ကူညီဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို ပြပွဲကို
စီစဉ်ဖြစ်တာလို့ ရှင်းပြပါတယ်။

"လေဘေးဒဏ်သင့် ပြည်သူတွေအတွက် အနုပညာ နယ်ပယ်အသီးသီးက ရုပ်ရှင်၊ ဂီတ၊
သဘင် စသည်အားဖြင့် သူတို့နည်းတူ ကာတွန်းဆရာတွေကလည်း ကိုယ့်ပညာနဲ့
ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ချင်တဲ့စိတ်ဓာတ်နဲ့ တိုင်ပင်ပြီး လုပ်ဖြစ်ကြတာပါ။ အနု
ပညာသမားဆိုတာလည်း ကိုယ့်မှာ အနုပညာနဲ့ စေတနာပဲရှိတာ။ ဖြစ်မြောက်ဖို့
ငွေကြေးဆိုတာ ဘာမှရှိတာမဟုတ်ဘူး။ အဲတော့ Eco Vision ဂျာနယ်က Sponsor
လုပ်လိုက်တဲ့အတွက်လည်း ကျနော်တို့ အခုလိုလုပ်ဖြစ်သွားတာပါ။"
ကာတွန်းဝင်းအောင် ပြောသွားတာပါ။

မုန်တိုင်းဖြစ်ပြီး နှစ်လကျော်ကြာမှ အခုလို ကူညီကယ်ဆယ်ရေး လုပ်ကိုင်တဲ့အတွက်
ကာတွန်းဆရာတွေအနေနဲ့ နောက်မကျဘူးလား၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံး
သွားပြီလို့ ပြောနေကြတဲ့အချိန်မှာမှ စီစဉ်တာလို့ ပြောလို့ရမလားလို့ မေးကြည့်ပါတယ်။

ဧရာဝတီတိုင်းသားတဦးဖြစ်တဲ့ ကာတွန်း ဦးလှဖေကတော့ ဒုက္ခသည်တွေ အခြေအနေ
ဟာ အကူအညီတွေ လိုနေဆဲပဲလို့ ပြောပါတယ်။

"ကျနော်က ဧရာဝတီတိုင်းဇာတိဆိုတော့ အဲဒီမှာ တွေ့မြင်နေတဲ့အတွက် လုပ်ချင်စိတ်
ပေါ်လာပြီး အခုမှ စလုပ်ဖြစ်တာပါ။ အရင်ကတော့ နာဂစ်နဲ့ပတ်သက်ပြီး ဘာမှမလုပ်ဖူး
ဘူး။ နောက်မကျပါဘူး၊ အခုထိလိုနေတုန်းပါပဲ။ ဒုက္ခသည်တွေ အခြေအနေကတော့
ဒုက္ခများတုန်းပါပဲ။"

နာဂစ်မုန်တိုင်းဒဏ် ခံရတဲ့သူတွေအတွက် မြန်မာနိုင်ငံအတွင်းက ကာတွန်းဆရာတွေ
စုပေါင်းပြီး ရန်ပုံငွေရှာမယ့် ပြပွဲတခု စီစဉ်နေတာနဲ့ ပတ်သက်ပြီး ကာတွန်း ဦးလှဖေ
ပြောသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG