သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကာအကွယ်မဲ့ မြန်မာအမျိုးသမီးများဘ၀ နဲ့ လူကုန်ကူးမှု


လူကုန်ကူးမှုဟာ လူ့အဖွဲ့အစည်းမှာ အဆိုးဆုံးပြစ်မှုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေး ကြပ်တည်းမှုကြောင့် မြန်မာအမျိုးသမီးလေးတွေ လူကုန်ကူခံနေရတဲ့ ဘ၀ တစေ့တစောင်းကို ဒီတပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

"လူကုန်ကူပွဲစားတွေဟာ လူ့အဖွဲ့အစည်းရဲ့ အကာအကွယ်မဲ့ဆုံးလူတွေ အထူးသဖြင့် အမျိုးသမီးငယ်နဲ့ ခလေးတွေကို ပြစ်မှတ်ထား အခွင့်အရေးယူတက်ကြတယ် အကာအကွယ်မဲ့တဲ့ အခြေအနေကို အသုံးချပြီး သူတို့ကို ကျွန်ပြုကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒါလီဇာ ရိုက်စ် (Condoleezza Rice) က လူကုန်ကူးမှု့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့နေ့မှာ ပြောကြားသွားပါတယ်။"

နာဂစ်မုန်တိုင်းတိုက်ခတ်ခံရပြီးနောက် အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆမတန် မြှင့်တက်လာပြီးနောက် စားဝတ်နေရေကြပ်တည်းမှုကြောင့် မိသားစုတွေအသက်ရှင် နေထိုင်ရေး ရုန်းကန်မှု အခက်အခဲကနေ လူကုန်ကူမှု့ ပြနာဿ တိုးလာမှာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ မြန်မာနိုင်ငံမှာ လူကုန်ကူးမှု နဲ့ အတင်းအဓမ္မခိုင်းစေမှု၊ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ ခလေးငယ်တွေ နဲ့ အမျိုးသမီးတွေ ရှိနေတဲ့လို့ အမေရိကန်နိုင်ငံခြားရေး ဌာန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG