သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံလုံခြုံရေးအစည်းအဝေး မြန်မာ့အရေးဆွေးနွေးမည်


အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အစည်းအဝေး ပွဲတွေ စင်္ကာပူနိုင်ငံမှာ ဒီကနေ့ စတင်ခဲ့တာာမှာ မြန်မာနိုင်ငံက ပြဿနာတွေနဲ့ ပတ်သက် လို့လည်း ပြောကြဆိုကြဖို့ ရှိနေပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ မေလထဲတုန်းက လူပေါင်း ၇ သောင်း ၈ ထောင် လောက် သေဆုံးပြီး၊ ခန့်မှန်းချေ ၅ သောင်း ၆ ထောင် လောက် ပျောက်ဆုံးခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း လေဘေးဒဏ် အကူအညီ ပေးရေး ကိစ္စတွေကတော့ အဓိက ဆွေးနွေးမယ့် အကြောင်းအရာဖြစ်ဖို့ ရှိပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝမ် (Surin Pitsuwan) ကတော့ လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စတွေကို အလေးထား ဆောင်ရွက်ဖို့ ရှိပြီးတော့၊ နိုင်ငံရေးကိစ္စတွေနဲ့ ရောထွေးမှာ မဟုတ်တဲ့အကြောင်းလည်း ပြောဆိုထားတာပါ။ တကယ်တော့ အာဆီယံ အဖွဲ့ကြီးဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှု တွေ ဖြစ်ပေါ်ဖို့အတွက် ဖိအားပေး ဆောင်ရွက်မှုတွေ မလုပ်တဲ့အတွက် အနောက် အုပ်စုနိုင်ငံတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဘန်ပြစ်တင်တာကို ခံနေရ တာပါ။ ဒါပေမဲ့လည်း အာဆီယံဖက်ကတော့ ဆိုင်ကလုန်း မုန်တိုင်းသင့်ခဲ့အပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေပေးအပ်မယ့် ကိစ္စကို မြန်မာစစ်အစိုးရ ဖက်က လက်ခံလာအောင် လုပ်နိုင်ခဲ့တယ်ဆိုပြီး ကြွေးကြော်ထားတာပါ။

လာမယ့် ကြာသပတေးနေ့ ကျရင်တော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) နဲ့ အီးယူ (ဥရောပ သမဂ္ဂ) ပါ ပါဝင်တက်ရောက်မယ့် လုံခြုံရေး ဆိုင်ရာ နှစ်စဉ် ဆွေးနွေးပွဲတွေကို စတင်ဖို့လည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG