နေအိမ်အကျယ်ချုပ်ကျနေတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အနေနဲ့ နောက်တနှစ်မပြည့်ခင်
အချိန်အတွင်းမှာ လွတ်မြောက်လာနိုင်တဲ့သဘောမျိုး
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဉာဏ်ဝင်းက ရည်ညွှန်းပြောကြားခဲ့ကြောင်း စင်ကာပူ
နိုင်ငံခြားရေးဝန်ကြီး
ဂျော့ခ်ျယိုး (George Yeo) က အစောပိုင်းမှာ ပြောခဲ့တာဟာ
နားလည်မှုလွဲပြီး
ပြောခဲ့တာလို့ စင်ကာပူ နိုင်ငံခြားရေးဌာနက ဒီနေ့မှာ ဖြေရှင်းချက်
ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဥပဒေအရ
နိုင်ငံရေးသမားတယောက်ကို ၆ နှစ်အထိ ထိန်းသိမ်းထားနိုင်
ကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာ နောက် ၆ လအတွင်းမှာ ၆
နှစ်ပြည့်တော့မှာဖြစ်ကြောင်းကို တနင်္ဂနွေနေ့တုန်းက အာဆီယံအဖွဲ့ဝင်
နိုင်ငံခြားရေး
ဝန်ကြီးတွေရဲ့ ညစာစားပွဲမှာ ဦးဉာဏ်ဝင်းက ရှင်းပြခဲ့ကြောင်း
ဂျော့ခ်ျယိုးက ပြောခဲ့
တာပါ။
တကယ်ကတော့ ၂၀၀၉ ခုနှစ် မေလကနေ နောက်ထပ်
၆ လအကြာမှာမှ ထိန်းသိမ်း
ထားတဲ့သက်တမ်း ပြည့်မှာဖြစ်တယ်လို့ မြန်မာဘက်က
ပြန်ပြီးရှင်းပြကြောင်း စင်ကာပူ
အစိုးရရဲ့ ဒီနေ့ ဖြေရှင်းချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့
နေအိမ်အကျယ်ချုပ်သက်တမ်းကို မြန်မာစစ်အစိုးရက ထပ်ပြီး
သက်တမ်းတိုးခဲ့တဲ့
အပေါ်မှာ အင်မတန်စိတ်ပျက်မိကြောင်း အာဆီယံအဖွဲ့က အစောပိုင်းတုန်းက
ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
နိုင်ငံရေး
အကျဉ်းသားအားလုံးကို စစ်အစိုးရက လွှတ်ပေးဖို့လည်း ကြေညာချက်ထဲမှာ
ထပ်ပြီး
တောင်းဆိုထားပါတယ်။
တခါ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေကြားမှာ
လူ့အခွင့်အရေးတွေ တိုးတက်လာစေဖို့
ရည်ရွယ်တဲ့ အာဆီယံပဋိညာဉ်ကို မြန်မာစစ်အစိုးရက
အတည်ပြုခဲ့ပါတယ်။ အဖွဲ့ဝင်
၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံဝန်ကြီးများရဲ့
နှစ်ပတ်လည်စည်းဝေးပွဲမှာ မြန်မာနိုင်ငံခြား
ရေးဝန်ကြီး ဦးဉာဏ်ဝင်းက
အာဆီယံပဋိညာဉ်ကို မြန်မာနိုင်ငံက အတည်ပြုကြောင်း
ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ခုလို
အာဆီယံပဋိညာဉ်ကို အတည်ပြုလိုက်တာဟာ
အာဆီယံရဲ့ ဘုံတန်ဖိုးတွေကို
အလေးအနက်ထားတယ်ဆိုတာ ပြသတာလည်းဖြစ်တယ်
လို့ ၀န်ကြီး ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။