သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံက မြန်မာစစ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ယုံကြည်မှုတည်ဆောက်ပေးနေ


မြန်မာစစ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား
ယုံကြည်မှု တည်ဆောက်ပေးဖို့အတွက် အာဆီယံ
အရှေ့တောင်အာရှနိုင်ငံတွေက ဆက်လက်ဆောင်
ရွက်သွားမှာ ဖြစ်တဲ့အကြောင်း စင်ကာပူဝန်ကြီးချုပ်
လီဆမ်လွန်း (Lee Hseng Loong) က အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပြောဆိုပါ
တယ်။ တချိန်တည်းမှာ မြန်မာစစ်အစိုးရအနေနဲ့
အာဆီယံရဲ့ အခန်းကဏ္ဍကို သိမြင်ဖို့လိုသလို မြစ်ဝ
ကျွန်းပေါ်ဒေသ ရေရှည်ပြန်လည်တည်ဆောက်ရေး
ဟာ နိုင်ငံတကာမိသားစုကသာ ဆောင်ရွက်နိုင်စွမ်း
ရှိလိမ့်မယ်လို့လည်း ပြောဆိုပါတယ်။ အသေးစိတ်ကို
ဘန်ကောက်မြို့ကနေ ဦးသိန်းထိုက်ဦးက သတင်း
ပေးပို့ထားပါတယ်။

စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ၄၁ ကြိမ်မြောက်
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး
အဖွင့်မိန့်ခွန်းမှာ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ်
ကယ်ဆယ်ရေး ဒေသတွင်းနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို အာဆီယံရဲ့ အောင်မြင်
မှုတခုအဖြစ် စင်ကာပူဝန်ကြီးချုပ် လီဆမ်လွန်းက ထည့်သွင်းပြောဆိုသွားတာပါ။
တချိန်တည်းမှာ အာဆီယံကို နိုင်ငံတကာနဲ့ မြန်မာစစ်အစိုးရအကြား ယုံကြည်မှု
ပေါင်းကူးပေးနိုင်မယ့် အဖွဲ့အစည်းတခုအဖြစ် သူက ပြောဆိုသွားပါတယ်။

"စင်ကာပူနိုင်ငံ အာဆီယံရဲ့ အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ကာလမှာ
အရေးကြီးတဲ့ အဖြစ်အပျက်ကြီးနှစ်ခုကို ကြုံခဲ့ရပါတယ်။ ရှေ့လာမယ့်နှစ်တွေမှာ
အာဆီယံရဲ့ အဓိပ္ပာယ်ကို သတ်မှတ်ပြဋ္ဌာန်းမယ့် အဖြစ်အပျက်တွေလို့ ကျနော်ယုံပါ
တယ်။ ပထမတချက်က မြန်မာနိုင်ငံမှာ မေလက ကြုံခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး
အာဆီယံအဖွဲ့ကြီးက တုံ့ပြန်ဆောင်ရွက်ခဲ့တာတွေပါ။ ဒီအကျပ်အတည်းက အာဆီယံရဲ့
သွေးစည်းညီညွတ်မှုကို စမ်းသပ်ခဲ့တာပါ။ အာဆီယံရဲ့ မြန်မာနိုင်ငံအပေါ် သဘောထား၊
မြန်မာနိုင်ငံဘက်က အာဆီယံအတွက် တဖန် ဘယ်လိုသဘောထားတယ်ဆိုတာကို
မဖြစ်မနေ စဉ်းစားလာခဲ့ရပါတယ်" လို့ ပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဘက်က တုံ့ပြန်ခဲ့တာ၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကို စင်ကာပူ
ဝန်ကြီးချုပ်က ချီးကျူးပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အကူအညီ
တွေ ပေးပို့နိုင်အောင် ဆောင်ရွက်ခဲ့တာတွေကို အာဆီယံဘက်က စွမ်းဆောင်နိုင်ခဲ့တဲ့
အဓိပ္ပာယ်ရှိပြီး ယုတ္တိနည်းလမ်းကျတဲ့ လုပ်ဆောင်ချက်တွေလို့ သူကဆိုပါတယ်။

"အခက်အခဲတွေ၊ ရှေ့မှာ ဆောင်ရွက်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့်လည်း
အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား၊ မြန်မာနိုင်ငံနဲ့
ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်တို့လို အဖွဲ့အစည်းတွေအကြား ကွာဟနေတဲ့ ယုံကြည်မှုကို
တည်ဆောက်ပေးနိုင်အောင် အရေးကြီးတဲ့ အခန်းကဏ္ဍက ဆောင်ရွက်ပေးနိုင်ခဲ့ပါ
တယ်" လို့ စင်ကာပူဝန်ကြီးချုပ် လီဆမ်လွန်းက ပြောဆိုသွားတာပါ။

"ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ကြုံတွေ့ခဲ့ရတဲ့ ပျက်ဆီးဆုံးရှုံးမှုပမာဏက သိပ်ကို
ကြီးပါတယ်။ ပြန်လည်တည်ဆောက်ရေး ရေရှည်လုပ်ငန်းတွေကို နိုင်ငံတကာမိသားစု
ကသာ ဆောင်ရွက်ပေးနိုင်မှာပါ။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံ၊ ကုလသမဂ္ဂ သုံးဦး
သုံးဖလှယ် ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတာကို အာဆီယံက ကြိုဆိုပါတယ်။
အာဆီယံရဲ့ အခန်းကဏ္ဍကို မြန်မာနိုင်ငံဘက်က သိမြင်သမျှ အာဆီယံကလည်း မြန်မာ
စစ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ယုံကြည်မှုပိုပြီး ကြီးကြီးမားမား
တည်ဆောက်နိုင်ဖို့ ကျနော်တို့ဘက်က ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်သွားမှာပါ" လို့
ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေကို ကျနော်တို့ ဥပေက္ခာ
ပြုထားလို့ မရသလို လူတွေအများအပြား သေကျေပျက်ဆီးခဲ့ပြီး လူတွေ ဒီ့ထက်ပိုပြီး
အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားကို ကျနော်တို့ မသိကျိုးကျွံပြုထားလို့ မရပါဘူး
ဆိုပြီး စင်ကာပူဝန်ကြီးချုပ်က ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံအတွင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်ဆီးခဲ့တာတွေနဲ့ပတ်သက်ပြီး
စစ်အစိုးရ၊ အာဆီယံနဲ့၊ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေရဲ့ အကဲဖြတ် စမ်းစစ်ချက် အစီ
ရင်ခံစာ ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒီအစီရင်ခံစာဟာ အာဆီယံဘက်က ဆောင်ရွက်နိုင်
မှုတွေကို ပြသလိုက်တာပါလို့လည်း စင်ကာပူဝန်ကြီးချုပ်က ဒီနေ့ အဖွင့်မိန့်ခွန်းမှာ
ထည့်သွင်းပြောဆိုသွားပါတယ်။

မြန်မာပြည်ရဲ့ မုန်တိုင်းကယ်ဆယ်ရေး လုပ်ဆောင်ချက်နဲ့ အာဆီယံ ပဋိဉာဉ်စာတမ်းကို
လက်မှတ်ရေးထိုးနိုင်ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို စင်ကာပူ အလှည့်ကျသဘာပတိ
အဖြစ် ဆောင်ရွက်ခဲ့တဲ့ ကာလတွေအတွင်း ထူးခြားတဲ့ စွမ်းဆောင်ချက်တွေလို့
စင်ကာပူဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG