သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်မျက်တင်သွင်းမှု အမေရိကန် အောက်လွှတ်တော် ဒဏ်ခတ်ပိတ်ဆို့


မြန်မာစစ်အစိုးရနဲ့ သူတို့နဲ့နီးစပ်တဲ့ စီးပွားရေးသမားတွေကို အဓိကပစ်မှတ်ထားပြီး
အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူတာ အခုတကြိမ်
ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရင့်အရင်က ချမှတ်ထားခဲ့တဲ့
အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုဥပဒေတွေမှာ မြန်မာနိုင်ငံမှာတူးဖော်တဲ့ ကျောက်
မျက်ရတနာတွေ တိုက်ရိုက်တင်သွင်းတာကိုပဲ တားဆီးထားပြီး တခြားနိုင်ငံတခုခုမှာ
ဖြတ်တောက် ပြုပြင်ပြီးတော့မှ တဆင့်တင်ပို့တဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်
ရတနာတွေကို ပိတ်ဆို့ထားတာမျိုး မပါပါဘူး။ အခု အောက်လွှတ်တော်က အတည်ပြု
လိုက်တဲ့ ဥပဒေမှာတော့ အဲဒီအားနည်းချက်ကို ပြုပြင်ပြီး မြန်မာနိုင်ငံကထွက်တယ်
ဆိုရင် ဘယ်လိုပုံသဏ္ဌာန်မျိုးနဲ့မှ အမေရိကန်နိုင်ငံထဲ မတင်သွင်းနိုင်အောင် တားဆီး
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG