သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင် စစ်အစိုးရလက်အောက်မှာ မှေးမှိန်လာတဲ့ အာဇာနည်နေ့


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျဆုံးသွားခဲ့သော မြန်မာလွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ခေါင်းဆောင်ကြီးများကို နှစ်စဉ် ဇူလိုင်လ ၁၉ ရက် မှာ မြန်မာပြည်တ၀ှမ်းမှာ တခမ်းတနားနဲ့ အောက်မေ့ဖွယ် အာဇာနည်နေ့ အဖြစ် ကျင်းပလာခဲ့ကြပေမဲ့ ယနေ့ အာဏာရှင်စစ်အစိုးရ လက်အောက်မှာတော့ အာဇာနည်နေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပမှုမှာ ယခင်လို့ စည်းကားကြီးကျယ်မှု မရှိတော့ဘဲ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာပါတယ်။

အာဏာရစစ်အစိုးရ အနေနဲ့ ဘယ်လိုအကြောင်းပြချက်၊ ရည်ရွယ်ချက်တွေနဲ့ ဂါရ၀ါပြု ဂုဏ်ပြုထိုက်တဲ့ ကျေးဇူးရှင် သူရဲကောင်း အာဇာနည်ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုလုပ်ဆောင်မှုများကို လျှော့ပေါ့လုပ်ဆောင်ရတာလဲ။ အာဇာနည် ခေါင်းဆောင်ကြီးများ နဲ့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမိုင်းမှတ်တမ်း၊ ကျေးဇူးတရား၊ အနစ်နာခံမှု၊ သက်စွန့်ကြိုးပမ်းမှုများကို စစ်အာဏာရှင်များ ဖျောက်ဖျက်လုပ်ဆောင်နေမှုများ၊ ပြည်သူများအနေနဲ့ အာဏာရှင်စစ်အစိုးရရဲ့  လုပ်ဆောင်ချက်များကို ဘယ်လိုတုန့်ပြန် လုပ်ဆောင်သင့်သလဲ တို့ကို သမိုင်းပညာရှင် ဦးအေးကျော် နဲ့ အနုပညာရှင် ဒါရိုက်တာ ဦးဝင်းဖေ တို့က ဦးဆောင်ကာ ဆက်သွယ်မေးမြန်းလာသူများရဲ့  မေးခွန်းဆွေးနွေးချက်များကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က စီမံသုံးသပ် ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG