မြန်မာနိုင်ငံက
နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသတွေ ပြန်လည်ထူထောင်ရေးနဲ့
တည်ဆောက်ရေးအတွက် လာမယ့် ၃
နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း
၁,၀၀၀ ကျော် လိုအပ်တယ်လို့ မနေ့က ကုလသမဂ္ဂ၊
အာဆီယံနဲ့ မြန်မာစစ်အစိုးရတို့
ပူးတွဲထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ
ဖော်ပြထားပါတယ်။
ဒီကုန်ကျစရိတ်
လိုအပ်ငွေတွေထဲမှာ အရေးပေါ်လိုအပ်နေတဲ့ မုန်တိုင်းသင့်ဒေသ
အတွက် စားနပ်ရိက္ခာ၊
လယ်ယာစိုက်ပျိုးရေးနဲ့ လူထုပြန်လည်ထူထောင်ရေး လုပ်ငန်း
တွေအတွက် အဓိကထားပြီး
ကိန်းဂဏန်းတွေကို ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာ
ထွက်ရှိလာရေးအတွက် အပြုသဘောဆောင် ကူညီပံ့ပိုး လုပ်ကိုင်ပေးခဲ့
တဲ့
အာဆီယံအသင်းကြီးကို ကျေးဇူးတင်ရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း
(Ban Ki-moon) က ပြောကြားလိုက်ပြီး ရှေ့လျှောက်လည်း ကုလသမဂ္ဂနဲ့
အာဆီယံတို့
မြန်မာနိုင်ငံအတွက် လက်တွဲဆောင်ရွက်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်
တယ်လို့
မစ္စတာဘန်ကီမွန်းက ဆိုပါတယ်။
ကုလသမဂ္ဂနဲ့
အာဆီယံတို့ရဲ့ ပူးတွဲအစီရင်ခံစာအရ နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့်
အဆောက်အဦတွေနဲ့ ပိုင်ဆိုင်မှုအထွေထွေ တန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ
သန်းပေါင်း
၁,၇၀၀ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံလူထုရဲ့ ၀င်ငွေအနေနဲ့ ဒေါ်လာ
သန်းပေါင်း ၂,၃၀၀
ဆုံးရှုံးခဲ့ရတယ်၊ စုစုပေါင်းဆုံးရှုံးမှု ဒေါ်လာသန်းပေါင်း ၄,၀၀၀
ကျော်ရှိခဲ့တယ်လို့
ခန့်မှန်းတွက်ချက်ထားပါတယ်။
အားလုံးရဲ့ ၇၅%၊ လူနေအိမ်ခြေ ၈၀၀,၀၀၀ နဲ့ စိုက်ပျိုးမြေ ဟက်တာပေါင်း ၆၀၀,၀၀၀
ကျော် ပျက်စီးသွားခဲ့ရပါတယ်။