၄၁
ကြိမ်မြောက် အာဆီယံ အရှေ့တောင်
အာရှနိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီး
များ
ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံမှာ
တနင်္လာနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး
ဝန်ကြီး အပါအ၀င် တခြား ဒေသတွင်း
၁၇ နိုင်ငံက
နိုင်ငံခြားရေးဝန်ကြီးတွေပါ
တက်ရောက်မယ့် ဒီဆွေးနွေးပွဲမှာ
မြန်မာ
နိုင်ငံအရေးကိစ္စကိုလည်း ဒေသတွင်း လုံခြုံ
ရေး၊ စီးပွားရေးကိစ္စတွေကြား
အလေးထား
ပြီး ဆွေးနွေးကြမှာပါ။ ဘယ်လိုအကြောင်း
အချက်တွေဟာ အဓိကဖြစ်နေသလဲဆိုတာ ဗွီအိုအေမြန်မာပိုင်း
ဌာနမှူး
ဦးသန်းလွင်ထွန်းက သုံးသပ်တင်ပြပေးထားပါတယ်။
၄၁
ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို တက်ရောက်ဖို့
စင်ကာပူနိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအတွက်
ယေဘုယျအားဖြင့် အဓိကတာဝန်ကြီး ၃ ရပ် ပါလာလိမ့်မယ်လို့ ယူဆရပါတယ်။
နံပါတ်
၁- မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖိနှိပ်မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ဆက်လက်
ထိန်းသိမ်းထားမှုအတွက် အာဆီယံအဖွဲ့ဝင်တွေရဲ့ ဝေဖန်မှုတွေကို မတုန်မလှုပ်
ကြံ့ကြံ့
ခံပြနိုင်ဖို့၊ နံပါတ် ၂- အာဆီယံ
ပဋိညာဉ်စာတမ်းကို မြန်မာစစ်အစိုးရက အတည်ပြုပေး
လိုက်ပါပြီ၊
မြန်မာနိုင်ငံအတွင်းမှာလည်း နိုင်ငံရေးအရ ပြောင်းလဲတိုးတက်မှုတွေ
ရှိလာ
နေပါပြီဆိုတာကို ဇွတ်မှိတ်ပြောကြားဖို့နဲ့ နံပါတ် ၃- မေလအတွင်းက
တိုက်ခတ်ခဲ့တဲ့
နာဂစ်ဆိုင်ကလုံးမုန်တိုင်းအတွက် နိုင်ငံတကာက ငွေကြေးထောက်ပံ့ပါလို့
တောင်းဆိုဖို့
အရေးတွေပဲ ဖြစ်ပါလိမ့်မယ်။
အာဆီယံအဖွဲ့ကြီးကလည်း
အဖွဲ့ကြီးရဲ့လေသံကို မလျှော့ပါဘူး။ တနင်္ဂနွေနေ့ညပိုင်းက
ဆွေးနွေးပွဲအကြို ညစာစားပွဲအပြီးမှာ
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုး
(George Yeo) က အခုလိုဆိုပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ် သက်တမ်းထပ်တိုးခဲ့တဲ့ မြန်မာ
စစ်အစိုးရရဲ့ လုပ်ရပ်အပေါ်
အလွန်စိတ်ပျက်ရကြောင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီး
တွေအားလုံးက ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး
ကို ရှေ့ရှုပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်
ပေးဖို့
အာဆီယံခေါင်းဆောင်တွေ အားလုံးကလည်း ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။"
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဉာဏ်ဝင်းကို ဘေးမှာထားပြီး စင်ကာပူနိုင်ငံခြားရေး
ဝန်ကြီး ဂျော့ခ်ျယိုး
ဆက်ပြောခဲ့တာကတော့ …
"မြန်မာဥပဒေတွေအရဆိုရင်
ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေးဝန်ကြီးရဲ့ အတည်
ပြုချက်နဲ့ တနှစ်ချုပ်ထားလို့
ရပါတယ်။ အဲဒီနောက်တော့ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့အတူ
ဝန်ကြီးချုပ်ရဲ့
အတည်ပြုချက်အရ နောက်ထပ်သက်တမ်း ၅ နှစ်အထိ ထိန်းသိမ်းထားလို့
ရတာမို့ စုစုပေါင်း ၆
နှစ်ပါ။ အဲဒီ ၆ နှစ်သက်တမ်းဟာ လာမယ့်နှစ်ဝက်အတွင်း
ပြည့်တော့မှာပါလို့
မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။"
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့
ပြောစကားကြောင့် မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစု
ကြည် လွတ်မြောက်လာမယ့်အချိန်ဟာ
မကြာတော့ပါဘူးလို့ ယူဆစရာ ဖြစ်လာခဲ့ပြီး
ဒေါ်စုကို ထိန်းသိမ်းထားဖို့
နောက်ထပ်သက်တမ်းတိုးဖွယ် မရှိတော့ဘူးလို့လည်း
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက
အာမခံပေးလိုက်တဲ့သဘော ဖြစ်ပုံရတယ်လို့
အားလုံးက ကောက်ချက်ချခဲ့ပါတယ်။
ဒါပေမယ့်
နောက်နေ့မနက်မှာပဲ စင်ကာပူအစိုးရရဲ့ သတင်းထုတ်ပြန်ချက်တရပ်မှာ အခု
ဆွေးနွေးပွဲရဲ့
ဥက္ကဋ္ဌအပါအ၀င် တခြား ညစာစားပွဲမှာရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ
က
မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို
နားလည်မှုလွဲသွားခဲ့တာဖြစ်ပါတယ်
လို့ ဖော်ပြပြီး ပြင်ဆင်ချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။
တယောက်ပြောတာကို အများက
နားလည်မှုလွဲသွားတာပါပဲ။
နိုင်ငံခြားရေးဝန်ကြီး
ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားနိုင်မှု
အကန့်အသတ်ဟာ ၂၀၀၉ ခုနှစ်
မေလရောက်ပြီး နောက် ၆ လမှ ကုန်ဆုံးမယ်လို့
ထပ်ပြီးရှင်းလင်းခဲ့တယ်လို့လည်း
ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အားလုံးသိထား
တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃
ခုနှစ် မေလကတည်းက အထိန်းသိမ်း
ခံထားရတာမို့ ၂၀၀၉ ခုနှစ် မေလမှာ အထိန်းသိမ်းခံကာလ ၆
နှစ်ပြည့်ပြီဆိုတာပါပဲ။
၆ နှစ်ပြည့်ပြီးနောက် ၆ လဆိုတဲ့အဓိပ္ပာယ်ကို နားလည်လို့မရနိုင်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကို
ဆက်ပြီးထိန်းသိမ်းထားတဲ့ကိစ္စ အာဆီယံနိုင်ငံတွေရဲ့ လေသံ
ပြင်းပြင်းနဲ့ ဝေဖန်တာကို
ကြံ့ကြံ့ခံပြီးနောက် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း
ဟာ မြန်မာနိုင်ငံဟာ
အာဆီယံအဖွဲ့ဝင်ကောင်း နိုင်ငံတခုဖြစ်ပါတယ်ဆိုတာ ပြသတဲ့
အနေနဲ့ အာဆီယံ
ပဋိညာဉ်စာတမ်းအသစ်ကို စစ်အစိုးရက အတည်ပြုပေးလိုက်ပါပြီလို့
ဆိုပါတယ်။
"အာဆီယံ
ပဋိညာဉ်စာတမ်းကို မြန်မာနိုင်ငံက အတည်ပြုပေးလိုက်တာဟာ အာဆီယံ
နိုင်ငံတွေမှာရှိနေတဲ့
ပြည်သူတွေအားလုံးရဲ့ တူညီတဲ့ရည်မှန်းချက်နဲ့ လူသားတန်ဖိုး
ထားရှိမှုတွေကို မြန်မာနိုင်ငံကလည်း
မမှိတ်မသုန် လိုက်နာပါမယ်ဆိုတာကို ပြသလိုက်
တာပါပဲ။ ဒီလိုတူညီတဲ့ ရည်မှန်းချက်တွေ၊
စံနှုန်းတန်ဖိုးတွေနဲ့အတူ ခိုင်မာတက်ကြွတဲ့
အာဆီယံအသိုင်းအ၀ိုင်းကြီးတခု
ပေါ်ထွန်းလာရေးအတွက် အတူလက်တွဲ ဆောင်ရွက်
သွားရမှာလည်း ဖြစ်ပါတယ်" လို့
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက မိန့်ခွန်းခြွေပါ
တယ်။
အာဆီယံ
ပဋိညာဉ်စာတမ်းကို ပြီးခဲ့တဲ့နှစ် အာဆီယံ ထိပ်သီးညီလာခံမှာ သဘောတူခဲ့
အပြီး
သက်ဆိုင်ရာနိုင်ငံအသီးသီးက လွှတ်တော်တွေမှာ အတည်ပြုပေးရမယ့်အရေးကို
လွှတ်တော်မရှိသေးတဲ့ မြန်မာစစ်အစိုးရက အတည်ပြုပေးလိုက်တာပါ။
ဖိလစ်ပိုင်နိုင်ငံ
မှာဆိုရင် ဖိလစ်ပိုင်လွှတ်တော်က မြန်မာနိုင်ငံလို
စစ်အာဏာရှင်စနစ်နဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေရှိနေတဲ့ အခြေအနေမျိုးနဲ့တော့
ဒီအာဆီယံ ပဋိညာဉ်စာတမ်းကြီးကို
အတည်ပြုမပေးနိုင်သေးပါဘူးလို့ ဆိုတာမို့ ကျန်တဲ့
အာဆီယံအဖွဲ့ဝင်တွေက နားချနေရ
ဆဲဖြစ်ပါတယ်။
နိုင်ငံတကာ
ပဋိညာဉ်စာတမ်းဆိုတာက လက်မှတ်ရေးထိုးပြီးရင် လိုက်နာဖို့လည်း
အရေးကြီးပါတယ်လို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက
ဆိုပါတယ်။
ဒီပဋိညာဉ်ထဲမှာ အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု
တွေအပြင်
လူ့အခွင့်အရေး လေးစားလိုက်နာမှုတွေအတွက် အဖွဲ့အစည်းတရပ်
ထူထောင်ရေးပါ ပါရှိပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့
အရေးအကြီးဆုံး နောက်ဆက်တွဲတာဝန်ကတော့ နာဂစ်
ဆိုင်ကလုံးမုန်တိုင်းဒဏ်
ခံရမှုနဲ့ပတ်သက်လို့ အာဆီယံ၊ မြန်မာ၊ ကုလသမဂ္ဂ သုံးပွင့်ဆိုင်
အစီရင်ခံစာကိုတင်ပြပြီး နိုင်ငံတကာ ငွေကြေးအကူအညီတွေ တောင်းခံဖို့ပါပဲ။
"နိုင်ငံတကာအနေနဲ့
ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေအတွက်
အကူအညီတွေ ပိုပြီးပေးလာမယ်လို့
မျှော်လင့်ပါတယ်။ နိုင်ငံတကာအကူအညီတွေ
လုံလုံလောက်လောက် မရရင်တောင်မှဘဲ
ကျနော်တို့အနေနဲ့ ရှိသမျှ အရင်းအမြစ်တွေ
သုံးပြီး လေဘေးသင့်ဒေသတွေမှာ
ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်သွားမှာပါ။
အကူအညီတွေများ ပိုရခဲ့ရင်တော့
ဆိုင်ကလုံးဒဏ် ခံရတဲ့သူတွေအတွက် အပြည့်အဝ
ပြန်လည်ထူထောင်လာနိုင်ရေး ပိုပြီး
မြန်ဆန်ထိရောက်သွားမှာပါ" လို့ နိုင်ငံခြားရေး
ဝန်ကြီး ဦးဉာဏ်ဝင်းက ဆိုပါတယ်။
ဆိုင်ကလုံးမုန်တိုင်း
တိုက်ခတ်ခဲ့အပြီး နိုင်ငံတကာက အရေးပေါ်အကူအညီတွေ
ချက်ချင်းပို့ခဲ့တာကို လက်မခံဘဲ
အချိန်ဆွဲ ကန့်သတ်ခဲ့တဲ့အတွက် နိုင်ငံတကာ အလှူရှင်
တွေဆီက အကူအညီတွေ ရသင့်သလောက်
မရခဲ့တာဖြစ်တယ်လို့ ဝေဖန်မှုတွေကြားမှာ
မြန်မာနိုင်ငံအတွက် လိုအပ်ချက်တွေကို
အခုအချိန်မှာတော့ အမြန်ဆုံး ထပ်ဖြည့်ပေးပါ
လို့ ကူညီတောင်းဆိုပေးခဲ့သူကတော့ ကုလသမဂ္ဂ
လူသားချင်းစာနာမှု ကူညီရေး အကြီး
အကဲ ဂျွန်ဟုမ်းစ် (John Holmes) ဖြစ်ပါတယ်။
"မြန်မာ့လေဘေးကယ်ဆယ်ရေးအတွက်
စုစုပေါင်း ဒေါ်လာ ၄၈၂ သန်း ထည့်ဝင်ပေး
ကြပါလို့ ကျနော်တို့ မေတ္တာရပ်ခံထားပါတယ်။
တချို့တ၀က်ပဲ ရသေးတာမို့ ၂၀၀၉ ခုနှစ်
ဧပြီလမတိုင်မီ ဒေါ်လာသန်း ၃၀၀ ရရှိဖို့
လိုအပ်နေပါတယ်။ ဒါကြောင့် အလှူရှင်တွေ
အနေနဲ့ ဒီ အရေးပေါ်ကယ်ဆယ်ရေးနဲ့
ပြန်လည်ထူထောင်ရေးအတွက် အမြန်ဆုံး
ရက်ရက်ရောရော ထည့်ဝင်ပေးကြပါလို့ ကျနော်ထပ်ပြီး
မေတ္တာရပ်ခံပါရစေ။"
လူသားချင်းစာနာကူညီမှုကိစ္စနဲ့
နိုင်ငံရေးကိစ္စဟာ ရောထွေးမှုမရှိသင့်ဘူးလို့ ဆိုကြပေ
မယ့် မြန်မာနိုင်ငံ
နာဂစ်ဆိုင်ကလုံး လေဘေးသင့် ပြန်လည်ထူထောင်ရေး ရေရှည်
အကူအညီ ရယူမှုကိစ္စမှာတော့ ဒါဟာ မလွဲမသွေ
ရောထွေးစဉ်းစားလာကြမယ့် ကိစ္စ
ပါပဲ။
နောက်ထပ်ပါဝင်လာမယ့် အမေရိကန် အပါအ၀င် နိုင်ငံ ၁၇ နိုင်ငံက ညှိနှိုင်းလာကြမယ့်
စီးပွားရေး၊ ကုန်သွယ်ရေး၊ ပူးပေါင်းဆက်ဆံရေး လုပ်ငန်းစဉ်တွေကြားမှာ အဖွဲ့ဝင်
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးစံနှုန်း မြှင့်တင်ရေးဆိုတဲ့ ကိစ္စတရပ်ကိုလည်း မလွဲမသွေ
ထည့်သွင်း ဖြေရှင်းကြရဦးမှာ ဖြစ်ပါတယ်။