စစ်ရာဇ၀တ်မှုတွေ
ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲ
ခံထားရတဲ့ ဘောစနီးယား ဆာ့ဘ်ခေါင်းဆောင်
ဟောင်း ရာဒိုဗန်
ခရာဒစ်ရှ် (Radovan Kradzic)
ကို The Hague မြို့က နိုင်ငံတကာ ရာဇ၀တ်
တရားခုံရုံးဆီ
ဆားဘီးယားနိုင်ငံက လွှဲပြောင်း
ပေးအပ်မှာ ဖြစ်ပါတယ်။ ခရာဒစ်ရှ်ဟာ တရား
ခုံရုံးမှာ
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊
လူသားအဖြစ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ရာဇ၀တ်မှု
စတဲ့စွဲချက်တွေကို ရင်ဆိုင်ဖြေရှင်းရမှာပါ။
သူ့ကို လွှဲပြောင်းပေးအပ်နိုင်ရေးအတွက်
အခြေ
အနေအားလုံး ပြည့်စုံတယ်လို့ တရားသူကြီးတဦးက ဆုံးဖြတ်ခဲ့တဲ့အကြောင်း ဒီကနေ့
ဘဲလ်ဂရိတ်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဆားဘီးယန်း တာဝန်ရှိသူ
တွေက
ကြေညာခဲ့တာပါ။
ကမ္ဘာပေါ်မှာ အလိုအရှိဆုံးလူတဦးအဖြစ်
လိုက်လံဖမ်းဆီးတာကို ခံခဲ့ရတဲ့ ခရာဒစ်ရှ်ဟာ
ဆုံးဖြတ်ချက်ကို အယူခံဖို့ သုံးရက်အချိန်ရမှာ
ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ဘောစနီးယား ဆာ့ဘ်ခေါင်းဆောင်ဟောင်းကို တနင်္လာနေ့မှာ
ဖမ်းဆီးရမိလိုက်တာ ဖြစ်ပါတယ်။