သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ကလုံးအလှုငွေ မြန်မာစစ်အာဏာရှင်လက်ထဲ မရောက်စေရန် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က သတိပေး


မြန်မာနိုင်ငံက နာဂစ် ဆိုင်ကလုံး လေမုန်တိုင်းဒဏ် ခံလိုက်ရသူများအတွက် ပေးတဲ့ လူသားချင်း စာနာမှု အထောက်အပံ့များ တခြားဘက်မှာ စစ်အစိုးရက လွှဲပြောင်း မသုံးစွဲရေး နိုင်ငံတကာ အလှူ့ရှင်များက သေခြာအောင် လုပ်ပါလို့ Human Rights Watch ခေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

မြန်မာပြည်ကို ပေးခဲ့တဲ့ အထောက်အပံ့များ ဘယ်လို သုံးစွဲတယ်ဆိုတာ သီးခြား လွတ်လပ်တဲ့ ကုလသမဂ္ဂနဲ့ အလှူ့ရှင်များ ပူးတွဲ စီမံခန့်ခွဲတဲ့ အဖွဲ့က စောင့်ကြပ်သင့်တယ်။ အဲဒီလို လုပ်တာမှာလည်းပဲ လုပ်ငန်းဟာ ထင်သာမြင်သာရှိပြီး တာဝန်ယူမှုလည်း ပါဝင်ရလိမ့်မယ်လို့ အမေရိကန် နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ကြေညာချက်ထဲမှာ ထောက်ပြထားတာပါ။

မေလမှာ လေပြင်းမုန်းတိုင်း ကျရောက်ပြီးကတည်းက နိုင်ငံခြား ကယ်ဆယ်ထောက်ပံ့ရေး ကျွမ်းကျင်သူ အလုပ်သမားများ ခရီးသွားလာခွင့်ကို ကန့်သတ် ချုပ်ခြယ်ထားပြီး ကယ်ဆယ်ရေးမှာ သွားရောက်ကူညီကြတဲ့ ဒေသခံများကိုလည်း ဖမ်းဆီးခံပုံကို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ထောက်ပြထားပါတယ်။ အလှူ့ရှင်များအနေနဲ့ လူသားချင်း စာနာမှု အခြေခံမူများအတိုင်း အတိအကျလိုက်နာအောင် စစ်အစိုးရကို ဖိအားပေးပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က တာဝန်ခံ ရစ်ချက် ဂါဖေးလ် မြန်မာပြည်သို့ ရောက်ရှိနေပြီး သူအရင်က ထင်ထားသည်ထက် အစိုးရက လေဘေး ဒုက္ခသည်များကို ပိုမိုကူညီထောက်ပံ့ နေတယ်လို့ ပြောဆိုပါတယ်။

ဧရာဝတီတိုင်းကို သွားရောက် ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဒါန အကြီးအကဲ ဂျွန်ဟုမ်းဟာ ဒီကနေ့မှာ နေပြည်တော်မှာ စစ်အစိုးရ တာဝန်ခံများနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG