ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ
ဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ
(Mr.
Gambari) ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အခွင့်
အလမ်းတရပ်အနေနဲ့ အသုံးပြုပြီး
နိုင်ငံတကာနဲ့
ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေ
ရိကန်သံအမတ်ကြီးက မြန်မာစစ်အစိုးရကို
တိုက်တွန်းသွားပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မနေ့က ကုလသမဂ္ဂ
လုံခြုံရေးကောင်စီမှာ
မြန်မာ့အရေး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ပြီးတဲ့
နောက် ကုလသမဂ္ဂဆိုင်ရာ
အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇတ်
(Zalmay Khalilzad) က အခုလို ပြောသွားခဲ့တာပါ။
"မြန်မာစစ်အစိုးရအနေနဲ့
မစ္စတာဂမ်ဘာရီရဲ့ ဒီခရီးစဉ်ကို အခွင့်အလမ်းတရပ်အနေနဲ့
အသုံးပြုဖို့ ပြောလိုပါတယ်။ အချိန်သတ်မှတ်မှုထားရှိတဲ့
ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်၊
ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး ပူးပေါင်း
ဆောင်ရွက်မှုတွေနဲ့
စာမျက်နှာသစ်တရပ် ဖွင့်မလား၊ ပိုပြီးပြင်းထန်တဲ့ နိုင်ငံတကာ
ဖိအားတွေကို
ရင်ဆိုင်မလား မေးခွန်းထုတ်ချင်ပါတယ်။ ဘယ်ဟာကို ရွေးမလဲဆိုတာ
သူတို့အပေါ်တည်ပါတယ်။"
မနေ့ကလုပ်တဲ့
လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့
ဆိုင်ကလုံးမုန်တိုင်း
နောက်ဆက်တွဲ နိုင်ငံတကာ လူသားချင်းစာနာကူညီရေး ကိစ္စတွေ
ကို အတော်လေး
အလေးပေးပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်
ပြည်ထောင်စု အနေနဲ့ကတော့
နိုင်ငံရေးအရ မတူကွဲပြားမှုတွေကို အသာဘေးဖယ်
ထားပြီး လူသားချင်းစာနာမှုကိစ္စကို
အလေးပေးခဲ့တယ်လို့ သံအမတ်ကြီးက သတင်း
ထောက်တွေကို ပြောပါတယ်။
"ဒီကိစ္စမှာ
ကျနော်တို့အနေနဲ့ ဒီထက်ကို ပိုပြီး အကူအညီတွေပေးနိုင်ဖို့ ခွင့်ပြုချက်မရ
တာကိုပဲ
ဝမ်းနည်းမိပါတယ်။ အမေရိကန်နဲ့ အခြားနိုင်ငံတွေအနေနဲ့က အဲဒီက
လေဘေးဒုက္ခသည် ပြည်သူတွေအတွက်
သူတို့လိုအပ်ချက်တွေကို ဒီထက်ပိုပြီး အကူ
အညီ ပေးလိုကြပါတယ်။ အခုလို အရေးတကြီး
လူသားတွေအတွက် လိုအပ်ချက်တွေ
ရှိနေချိန်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးအရ
မတူကွဲပြားတာတွေကို အသာထားပြီး
လူသားချင်းစာနာရေး လုပ်ငန်းတွေကိုပဲ အမြဲ
ဖြေရှင်းဆောင်ရွက်ပါတယ်။"
အခုလို ကပ်ဘေးဆိုးကြောင့်
ဒုက္ခရောက်တဲ့ ပြည်သူတွေအတွက် အကူအညီပေးရေး
ကိစ္စတွေကို ဆက်ပြီးလုပ်သွားရမှာ
ဖြစ်ပေမယ့်လို့ နိုင်ငံရေးအခြေအနေတွေကိုလည်း
ပြန်လှည့်စဉ်းစားဖို့ အချိန်ရောက်လာပြီလို့လည်း
အမေရိကန်သံအမတ်ကြီးက
ပြောသွားပါတယ်။ အခု မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်အတွင်း တစုံတရာ
ရလဒ်ထွက်လာဖို့
မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
"မစ္စတာဂမ်ဘာရီရဲ့
အခု သြဂုတ်လခရီးစဉ်ကနေ အခိုင်အမာရလဒ်တွေရဖို့ ကျနော်တို့
မျှော်လင့်ထားတယ်လို့
မစ္စတာဂမ်ဘာရီကို ပြောထားပါတယ်။ အခုလာမယ့် ၂၀၁၀
ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ
အချိန်ကာလသတ်မှတ်ထားတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ
နဲ့
နိုင်ငံရေးအသွင်ကူးပြောင်းမှုတရပ် ဖြစ်လာဖို့ မစ္စတာဂမ်ဘာရီအနေနဲ့ သဘောတူညီ
ချက်တရပ်
အောင်အောင်မြင်မြင် ယူလာနိုင်မယ်လို့ ယူဆထားပါတယ်။ ဒေါ်အောင်ဆန်း
စုကြည် အပါအဝင်
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့ လိုပါတယ်။"
အကယ်၍သာ အခုလို
မြန်မာအစိုးရဘက်ကနေ မစ္စတာဂမ်ဘာရီနဲ့ ပူးပေါင်းဆောင်ရွက်
ပြီး တိုးတက်မှုတွေ
ရလာမယ်ဆိုရင်တော့ နိုင်ငံတကာဘက်ကလည်း အပြုသဘော
တုံ့ပြန်မှာပါလို့
အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇတ်က ပြောပါတယ်။
ဒါပေမယ့်လို့ အတိုက်အခံနဲ့ အစိုးရအကြား
ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်မလာဘူး၊
တိုးတက်မှုတွေ ရှိမလာဘူးဆိုရင်တော့
အခြားနည်းလမ်းတွေနဲ့ ဖိအားပေးတာတွေကို
စဉ်းစားရမယ်လို့လည်း သံအမတ်ကြီးက
သတိပေးခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့
အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့ ဗီယက်နမ်နိုင်ငံ
သံအမတ်ကြီးကလည်း မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဟာ
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့
အနီးကပ်ကို စောင့်ကြည့်အကဲခတ်နေတယ်လို့
ပြောသွားပါတယ်။
"မြန်မာ့အိမ်နီးချင်းနိုင်ငံ၊
အာဆီယံဒေသအဖွဲ့ဝင် နိုင်ငံအနေနဲ့၊ ဗီယက်နမ်နိုင်ငံဟာ
မြန်မာနိုင်ငံအခြေအနေကို
အနီးကပ်ကို စောင့်ကြည့်နေပါတယ်။ ဗီယက်နမ်နဲ့ အခြား
အိမ်နီးချင်းနိုင်ငံတွေဟာ
မြန်မာနိုင်ငံ တည်ငြိမ်ရေးကို လိုလားပါတယ်။ ကယ်ဆယ်ရေး
လုပ်ငန်းတွေအတွက် မြန်မာ၊
အာဆီယံနဲ့ ကုလသမဂ္ဂတို့အကြား ထိရောက်တဲ့ ပူးပေါင်း
ဆောင်ရွက်မှုတွေဟာ
တိုးတက်အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒီလိုဆောင်ရွက်မှုတွေ
ကြောင့် အခုဆိုရင်
အဲဒီဒေသတွေမှာ ငတ်မွတ်မှုပြဿနာ၊ ရောဂါပြန့်ပွားမှု ပြဿနာမျိုး
တွေ မကြုံရပါဘူး။
ဒါကြောင့် ဒီလို ပူးပေါင်းဆောင်ရွက်မှုမျိုးတွေကပဲ မြန်မာအစိုးရနဲ့
မြန်မာပြည်သူတွေ
ကြုံနေရတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်စေလိမ့်မယ်လို့
ယုံကြည်ပါတယ်။"
ပတ်သက်လို့ နိုင်ငံတကာအနေနဲ့လည်း မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုပဲ
လိုလားတယ်လို့ ဆိုပါတယ်။ မနေ့က လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးက
တော့ မြန်မာနဲ့ပတ်သက်လို့ အခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထား၊
သူတို့ဆီကနေ မြန်မာအစိုးရကိုပြောလိုတဲ့ သတင်းစကား စတာတွေကို မစ္စတာဂမ်ဘာရီ
နဲ့ အကြုံပါးလိုတဲ့သဘောနဲ့ ညှိနှိုင်းဆွေးနွေးပွဲသဘောသာ ဖြစ်ပါတယ်။ ဒီကနေမှ
မစ္စတာဂမ်ဘာရီအပြန် လုံခြုံရေးကောင်စီမှာ နောက်တကြိမ်ဆွေးနွေးကြမယ်လို့လည်း
သိရပါတယ်။