အာဆီယံအသင်းကြီးရဲ့  ၄၁ နှစ်မြောက် ၀န်ကြီးများအစည်းအဝေးကြီး ပြီးဆုံးသွားခဲ့ပေမဲ့ ၁၉၉၇ ခုနှစ်တည်းက အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ မြန်မာနိုင်ငံ ဆယ့်တစ်နှစ်အတွင်း အာဆီယံ အကျိုးကျေးဇူးကြောင့် ဘာတွေတိုးတက်မှု ရရှိခဲ့ပါသလဲ။ စစ်အစိုးရ အာဏာတည်မြဲအောင် လုပ်ပေးနေယုံဘဲ ဖြစ်နေသလား။ ဒီမိုကရေစီ ဖွံ့ ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးပြုပြင် ပြောင်းလဲတိုးတက်ရေးအတွက် ထူးထူးခြားခြား လုပ်ဆောင်ပေးခဲ့တာတွေ ရှိသလား စသည့် အကြောင်းအရာ အချက်အလက်များကို အဓိက ဆွေးနွေးတင်ပြထားပါတယ်။
ဆွေးနွေးခန်းမှာ ပင်တိုင်ဆွေးနွေးသူများမှာ ဒေါက်တာတင့်ဆွေ (၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်လောင်း)၊ မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ဦးဝင်းမင်း၊ ဗွီအိုအေသတင်း အယ်ဒီတာ ဦးသိန်းထိုက်ဦး တို့နဲ့အတူ ပြည်တွင်းပြည်ပမှ ဆက်သွယ်ဆွေးနွေးလာသူများရဲ့  ပြောဆိုချက်များကို ဗွီအိုအေ သတင်း အယ်ဒီတာ ဦးကျော်ဇံသာ က မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။