သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး အခြေအနေ သံတမန်များလေ့လာ


မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်
နေတာတွေကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံတမန်တွေနဲ့ သတင်းမီဒီယာသမားတွေ
ကို မြန်မာအစိုးရ နိုင်ငံခြားရေးဌာနက လှည့်လည်ပြသခဲ့ပါတယ်။ သတင်းမီဒီယာသမား
တွေ လိုက်ခွင့်ရတဲ့ ပထမဆုံးခရီးစဉ်မှာ ဖျာပုံ၊ ဒေးဒရဲနဲ့ လပွတ္တာမြို့နယ်တွေ ပါဝင်
ပါတယ်။

ဖျာပံုံခရီးစဉ်ကို မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူက ဦးဆောင်ပြီး
ဂျပန်သံအမတ်၊ အမေရိကန်စစ်သံမှူးနဲ့ ရိုက်တာနဲ့ ဆင်ဟွာတို့က သတင်းသမားတွေ
ပါဝင်တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ မနေ့တုန်းကတော့ ကုလ
သမဂ္ဂ လူသားဘေးဒုက္ခဆိုင်ရာ ကူညီကယ်ဆယ်ရေး အကြီးအကဲ ဂျွန် ဟုမ်းမ်စ်
(John Holmes) က နာဂစ်မုန်တိုင်းဒဏ်သင့် မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂရဲ့ လှူဒါန်း
ငွေတွေဟာ ၂၅% အထိ ဆုံးရှုံးနစ်နာနေရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

နိုင်ငံခြားငွေကို မြန်မာစစ်အစိုးရရဲ့ FEC ခေါ် နိုင်ငံခြားငွေလဲလက်မှတ်နှုန်းနဲ့ လဲလှယ်ရ
တဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းလောက် ဆုံးရှုံးနစ်နာခဲ့ရတယ်ဆိုတာကို နယူး
ယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း
မစ္စတာဟုမ်းမ်စ်က ပြောကြားခဲ့တာပါ။ တစ် FEC ဟာ ပြင်ပပေါက်ဈေးထက် ၂၅%
လျော့နည်းနေတယ်၊ ဒီပြဿနာကို မိမိတို့ မြန်မာစစ်အစိုးရကို အကြောင်းကြားထား
တယ်၊ ဒီကိစ္စမှာ ဘယ်သူအမြတ်ထွက်နေတယ်ဆိုတာ သူ့အနေနဲ့ ရှင်းရှင်းလင်းလင်း
မသိဘူးလို့ မစ္စတာဟုမ်းမ်စ်က ဆိုပါတယ်။

မြန်မာစစ်အစိုးရဟာ သူ့အတွက် ဘဏ္ဍာငွေရဖို့အတွက် အတော်နိမ့်တဲ့ငွေလဲနှုန်းကို
အသုံးချခဲ့တယ်လို့ ဝေဖန်ကြပါတယ်။ နာဂစ်မုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက်
နိုင်ငံတကာက ကူညီထောက်ပံ့တာတွေကို မြန်မာစစ်အစိုးရက ကန့်သတ်ချုပ်ချယ်တဲ့
အပေါ် ပြစ်တင်ရှုတ်ချမှုရဲ့နောက်ပိုင်းမှာ စစ်အစိုးရရဲ့ ငွေလဲလှယ်နှုန်းကြောင့် နိုင်ငံ
တကာကပေးတဲ့ အကူအညီတွေ သိသာတဲ့ ပမာဏအတိုင်းအတာနဲ့ ဆုံးရှုံးမှုဖြစ်ခဲ့ရ
တာကို ကုလသမဂ္ဂက ဝန်ခံလိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို
တားဆီးကာကွယ်ဖို့၊ ထိန်းချုပ်ဖို့နဲ့ တိုက်ဖျက်ဖို့တွေမှာ ကမ္ဘာ့ဘဏ်ရဲ့ ငွေကြေးအကူ
အညီနဲ့ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က မြန်မာနိုင်ငံကို အကူအညီ
ပေးမယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။

နှစ်ဖက်သဘောတူ သုံးနှစ်စီမံကိန်းတခုကို FAO နဲ့ မြန်မာ့မွေးမြူရေးနဲ့ ကုသရေးဦးစီး
ဌာနတို့ကြား လွန်ခဲ့တဲ့သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းတွေမှာ
ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG