မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ
တိုးတက်မှုမရှိတာကြောင့် နောက်ထပ်
ဖိအားတွေ တိုးမြှင့်တဲ့အနေနဲ့
အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ်
အရေးယူဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာဟာ
မြန်မာနိုင်ငံမှာ တိုးတက်မှု
တွေ ဖြစ်ဖို့အတွက် သတင်းကောင်းပဲလို့ လူ့အခွင့်အရေး
လှုပ်ရှားသူတွေက ကြိုဆို
လိုက်ကြပါတယ်။ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေ အမေရိကန်ထဲသွင်းခွင့်
လုံးဝမရတော့အောင် ကန့်သတ်မယ့် ဒီဥပဒေမူကြမ်းနဲ့ပတ်သက်လို့ လူ့အခွင့်အရေး
လှုပ်ရှားသူတွေရဲ့
သဘောထားတွေကို စုစည်းပြီး ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။
မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို
အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့်မပြုတဲ့
ဥပဒေမှာ အရင်တုန်းက တတိယနိုင်ငံတွေကတဆင့်
တင်သွင်းတာတွေကို တားမြစ်
ထားတာမျိုးမရှိဘဲ ဖြစ်နေရာက အခုတော့ အဲဒီလစ်ဟာချက်ကို
ပိတ်ပင်လိုက်တဲ့
ဥပဒေအသစ် တရပ်ကို အမေရိကန်ပြည်ထောင်စုက ပြဋ္ဌာန်းဖို့
ပြင်ဆင်နေတာပါ။
အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံးက မကြာသေးခင် ရက်သတ္တပတ်တွေကပဲ
အတည်ပြုလက်ခံထားတဲ့ ဒီဥပဒေနဲ့ပတ်သက်လို့ ဒါဟာ မြန်မာနိုင်ငံမှာ
ပြုပြင်
ပြောင်းလဲရေးတွေ ဖြစ်လာအောင် အထောက်အကူ ဖြစ်စေလိမ့်မယ်ဆိုပြီး
လူ့အခွင့်
အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ကြတာပါ။ ဒါနဲ့ပတ်သက်လို့ နယူးယောက်ခ်
အခြေစိုက်
လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Human
Rights Watch အဖွဲ့ကြီးက
စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန်
(Arvind Ganesan) ပြောတာကတော့
…
"ကျနော်တို့အမြင်ကတော့ ဒါဟာ ကောင်းတဲ့ကိစ္စပါ။
ဘာကြောင့်လဲဆိုတော့ အရင်
နှစ်တွေတုန်းက မြန်မာစစ်အစိုးရ ပြောပုံအရဆိုရင် ဒေါ်လာ သန်း
၃၀၀ ကျော်လောက်
ကျောက်မျက်ရတနာတွေကို ရောင်းချရာကနေ ၀င်ငွေတွေ ရခဲ့တယ်လို့
ဆိုပါတယ်။
ဒီငွေတွေဟာလည်း စစ်အစိုးရလက်ထဲပဲ ရောက်ကုန်တာပါ။ အတိတ်တုန်းက
အမေ
ရိကန်ပြည်ထောင်စုရဲ့ ဥပဒေက မြန်မာ့ကျောက်မျက်တွေကို တိုက်ရိုက်တင်သွင်းတာ
ကိုပဲ
တားမြစ်ထားခဲ့တာပါ။ ဒါပေမယ့် ထိုင်း၊ အိန္ဒိယတို့လို တတိယနိုင်ငံတခုခုက
တင်သွင်းတာတွေကို မပိတ်ခဲ့ပါဘူး။ အခုတော့ ဒီအားနည်းချက်ကို ပိတ်လိုက်နိုင်တာ
ဟာ
အလွန်အရေးကြီးပါတယ်။"
ဒီလိုပိတ်ပင်နိုင်တဲ့ အတွက်ကြောင့်မို့လို့လည်း
မြန်မာစစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံတွေ
ပြောင်းလဲလာကောင်း ပြောင်းလဲလာနိုင်မယ့်
အတွက်ကြောင့်မို့လို့လည်း အခု ပြဋ္ဌာန်း
ဖို့ပြင်ဆင်နေတဲ့ ဥပဒေဟာ
ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ သူတို့အနေနဲ့
လက်ခံယူဆထားကြတာလို့လည်း
ဆိုပါတယ်။ ဒီလို မြန်မာစစ်အစိုးရရဲ့ ငွေဝင်ပေါက်
တွေကို ပိတ်ပင်နိုင်ခြင်းအားဖြင့်
တိုက်ရိုက်အကျိုးရလဒ်တွေ ရှိနိုင်သလို တခြားရေရှည်
အကျိုးဖြစ်ထွန်းစရာတွေ မြင်တယ်လို့လည်း
သူက ယုံကြည်ထားတာပါ။
"အခု ဖိအားပေးမှုတွေက မြန်မာစစ်အစိုးရအပေါ်မှာ
တိုက်ရိုက်အကျိုးသက်ရောက်မှု
တွေ ရှိပါလိမ့်မယ်။ ရေရှည်မှာ ဖြစ်နိုင်စရာရှိတာကလည်း
မြန်မာစစ်အစိုးရရဲ့ အိတ်ကပ်
ထဲကို ဒီလိုဝင်ငွေတွေ ရောက်သွားတဲ့အပေါ် ဖိအားတွေရှိလာမယ်ဆိုရင်
သူတို့လုပ်ကိုင်
နေတာတွေ ပြောင်းလဲပြီး၊ ကိုယ့်ပြည်သူတွေအပေါ် တုံ့ပြန်မှုတွေ
ပိုရှိလာမယ်၊ ကျန်းမာ
ရေး၊ ပညာရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာတွေ ပိုလုပ်ကောင်း
လုပ်လာနိုင်ပါတယ်။"
တကယ်တော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေကို
မဖြေရှင်းနိုင်သေးတာ၊ လူ့
အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကြောင့် နိုင်ငံတကာက
အရေးယူ ဒဏ်ခတ်
ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာပါ။ ဒါပေမယ့်လည်း ဝေဖန်သူတချို့က ဒါတွေဟာ
ထိရောက်မှုမရှိဘူးလို့ ပြောကြဆိုကြတာတွေ ရှိသလို၊ မြန်မာစစ်အစိုးရ ကိုယ်တိုင်က
လည်း
ဒါဟာ မြန်မာပြည်သူတွေကိုသာ ထိခိုက်နစ်နာစေတယ်ဆိုပြီး ကာကွယ်ပြောဆို
တာတွေ ရှိပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေဘက်ကတော့ ဒီပြောဆိုမှုတွေဟာ
မှန်တယ်လို့ မယူဆကြပါဘူး။
"ပြဿနာကတော့ နိုင်ငံတကာက အရေးယူဒဏ်ခတ်မှုတွေက
တစိုက်မတ်မတ် ရှိနေဖို့
လိုအပ်နေတာပါ။ ဒီဒဏ်ခတ်မှုတွေက တကယ့်ကို
အကျိုးသက်ရောက်မှုရှိတယ်လို့
ကျနော်ယူဆပါတယ်။ ဥပမာအနေနဲ့ ပြောမယ်ဆိုရင် မြန်မာ့ပတ္တမြားဟာ
တကယ့်ကို
အဖိုးတန် ဇိမ်ခံပစ္စည်းပါ။ အမေရိကန်နိုင်ငံဟာဆိုရင်လည်း ဒီလိုပစ္စည်းတွေအတွက်
တကယ့်ကို ကြီးမားတဲ့ ဈေးကွက်တခု ဖြစ်ပါတယ်။ ဒီတော့ ဒါတွေက မြန်မာစစ်အစိုးရ
အပေါ်
အကျိုးသက်ရောက်မှုတွေ ရှိမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ဒီလိုအရေး
ယူမှုတွေက
တကမ္ဘာလုံးက ၀ိုင်းလုပ်မယ်ဆိုရင်တော့ ပိုပြီး ထိရောက်မှုရှိမှာပါ။
လောလောဆယ် အဲလို
မဖြစ်သေးတာပါပဲ။ လုံးလုံး အကျိုးသက်ရောက် မရှိဘူးဆိုတာ
တော့ မဟုတ်ပါဘူး။"
အဖွဲ့ကြီးက စီးပွားရေးနဲ့ လူ့အခွင့်ရေးရာ ဒါရိုက်တာ အာဗင် ဂနေဆန် ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ အမေရိကန်ပြည်ထောင်စုက ထင်ရှားတဲ့ Tiffany & Co.
Leber ရတနာကုမ္ပဏီ စတဲ့ ကုမ္ပဏီကြီးတွေကတော့ မြန်မာနိုင်ငံကထွက်တဲ့
ကျောက်မျက်တွေကို သူတို့ဆိုင်တွေတင် ရောင်းချဖို့ကို ငြင်းပယ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်
စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို မြန်မာအာဏာပိုင်တွေက
အကြမ်းဖက်ဖြိုခွဲခဲ့တဲ့နောက် ဒီလို မြန်မာကျောက်မျက်တွေကို သပိတ်မှောက်တာ အပါ
အ၀င် စစ်အစိုးရအပေါ် ဖိအားပေးမှုတွေလည်း အရှိန်မြင့်လာခဲ့တာပါ။ အခု အမေရိကန်
ပြည်ထောင်စုက အသစ်ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ ဒီဥပဒေကို ဒီမိုကရေစီရေး စွမ်းစွမ်း
တမံ ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ အောက်လွှတ်တော်အမတ် တွမ် လန်းတို့စ်
(Tom Lantos) ကို အစွဲပြု အမည်ပေးထားပါတယ်။ ဒီဥပဒေကို အထက်နဲ့
အောက်လွှတ်တော် ၂ ရပ်လုံးက ဒီလထဲမှာပဲ ထောက်ခံအတည်ပြုထားတာဖြစ်ပြီး
သမ္မတ ဘုရှ်က လက်မှတ်ရေးထိုး အတည်ပြုပြီး ရက်ပေါင်း ၆၀ ပြည့်တဲ့အခါမှာတော့
ဥပဒေသစ်အဖြစ် အသက်ဝင်လာတော့မှာ ဖြစ်ပါတယ်။