မြန်မာနိုင်ငံမှာ မေလဆန်းက တိုက်ခတ်သွားတဲ့
နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြောင့် ဒုက္ခ
ရောက်ခဲ့သူ ထောင်ပေါင်းများစွာအတွက်
အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့
လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို နိုင်ငံတကာ
နေရပ်ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ
အဖွဲ့ (အိုင်အိုအမ်) က ကျန်းမာရေးဝန်ထမ်းတွေက
ဆောင်ရွက်ပေးခဲ့တယ်လို့
အိုင်အိုအမ်က ပြောပါတယ်။ အိုင်အိုအမ် ဌာနချုပ်ရှိရာ ဂျနီဗာမြို့ကနေ
ဗွီအိုအေ
သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) သတင်းပေးပို့ထားတာကို
ဦးရော်နီညိမ်းက
တင်ပြပေးထားပါတယ်။
လူသူအရောက်အပေါက်နည်းပြီး ခရီးသွားဖို့ ခက်ခဲလှတဲ့
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ
မုန်တိုင်းသင့်နေရာတွေက အသက်မသေ ကျန်ရစ်သူ ဒုက္ခသည်တွေဆီ
ရောက်အောင်
သွားနိုင်ဖို့အတွက် အလွယ်တကူ ရွေ့ရှားနိုင်တဲ့ ဆေးကုသရေး အဖွဲ့ငယ်လေးတွေ
(Mobile Medical Teams) ကို အရင်ဖွဲ့စည်းရပါတယ်လို့ အိုင်အိုအမ်
ပြောရေးဆိုခွင့်ရှိသူ
ယွန်း ဖိလစ် ရှောက်ဇေ (Jean -phillippe Chauzy) က ဗွီအိုအေကို ပြောပါတယ်။ အဲဒီ
ရွေ့ရှားဆေးကုသရေး အဖွဲ့ငယ်လေးတွေဟာ
မြစ်ချောင်း ကျဉ်းကျဉ်းမြောင်းမြောင်းတွေ
ကြားမှာ ရေကြောင်းလမ်းကို အတော်လေး ရှာဖွေပြီး
သွားခဲ့ကြရတယ်လို့ သူက ဆိုပါ
တယ်။ သူပြောပြတာကတော့ …
"ကျနော်တို့လုပ်တာက တကယ်တမ်းမှာ အတော်လေး စိတ်ဝင်စားစရာ
ဖြစ်နေပါတယ်။
အင်ဂျင်အောက်ထိုင်ရော၊ အပေါ်ထိုင်ရော နှစ်မျိုးလုံးပါတဲ့ ဇိုးဒီယက်ဆိုတဲ့
ရာဘာလှေ
တွေ တစုတဝေးကြီးနဲ့ မြစ်တွေ ချောင်းတွေထဲ ဟိုရွာဝင် ဒီရွာထွက်နဲ့
အနှံ့သွားခဲ့ကြတဲ့
အတွက် စိတ်ဝင်စားစရာ ကောင်းခဲ့တာပါ။ ကျနော်တို့ရဲ့
ဆေးပစ္စည်းကိရိယာတွေကို
ရွာစဉ်ရွာတိုင်း သွားလေရာ ယူသွားခဲ့ကြတယ်။ ဒါက
ကျယ်ပြန့်လှတဲ့ ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်းကြီးထဲက အစိတ်အပိုင်းတခုပါ။
မုန်တိုင်းကြောင့် ကျေးရွာ
ဆေးပေးခန်းတွေ လုံးလုံးပျက်စီးသွားတဲ့ ရွာတွေမှာ
ယာယီတဲတွေထိုးပြီး ဆေးခန်း
ဖွင့်ခဲ့ကြတာ တဲဆေးခန်း ၁၅ ခု ဖွင့်နိုင်ခဲ့ကြပါတယ်။"
အခုအချိန်အထိ မြစ်ဝကျွန်းပေါ်ဒေသ လမ်းပန်းဆက်သွယ်ရေး
ခက်ခဲလှတဲ့ ကျေးရွာ
ပေါင်း ၃၂၇ ရွာက လူနာပေါင်း ၂၅,၀၀၀ နီးပါးကို အိုင်အိုအမ်ရဲ့
ရွေ့ရှားဆေးကုသရေး
အဖွဲ့ငယ်လေးတွေနဲ့ ကျန်းမာရေး စောင့်ရှောက်ကုသမှု
ပေးခဲ့နိုင်ပါပြီ။ နာဂစ်မုန်တိုင်း
ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ ဆေးရုံဆေးခန်းအားလုံးရဲ့
၇၅% ကို ချေမွ
ဖျက်ဆီးသွားခဲ့တာပါ။ မသန့်တဲ့သောက်ရေ၊ မသန့်တဲ့အစားအသောက်တွေကြောင့်
လူတွေဟာ မကျန်းမမာတွေဖြစ်၊ အမိုးအကာ မလုံမခြုံနဲ့ အဝတ်အစား မလောက်ငတာ
တွေဖြစ်၊
အညစ်အကြေးစွန့်မှု ပရမ်းပတာတွေဖြစ်နဲ့ လူတွေဟာ မုန်တိုင်းသင့်ဝေဒနာ
မျိုးစုံကို အပြင်းအထန်
ခံစားနေကြရတယ်လို့ ယွန်း ဖိလစ် ရှောက်ဇေကပဲ ပြောပြပါ
တယ်။
အသက်မသေ ကျန်ရစ်ကြတဲ့ မုန်တိုင်းသင့်ဒုက္ခသည်တွေဟာ
ဘဝတသက်တာမှာ
ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးကြီးကို ရုတ်တရက်
ဆုံတွေ့လိုက်ရတဲ့ အတွေ့
အကြုံက စိတ်နှလုံး ထိခိုက်ကြေမွသွားရတဲ့အတွက်
စိတ်ပိုင်းဆိုင်ရာ မြှင့်တငကူညီပံ့ပိုး
ပေးဖို့ သိပ်ကိုလိုအပ်နေတယ်လို့လည်း မစ္စတာ
ချောက်စီက အခုလိုပြောပြပါတယ်။
"ကျနော်တို့ရဲ့ ဆေးကုသရေးအဖွဲ့တွေမှာ လူမှုရေးနဲ့
စိတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံ
ကျွမ်းကျင်သူတွေလည်း ပါဝင်ကြပါတယ်။
မုန်တိုင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်
ပူဆွေးနေတဲ့လူတွေ၊ ကြောက်ရွံ့ထိတ်လန့်
ဖြစ်နေကြတဲ့လူတွေကို သူတို့တွေက
အတတ်နိုင်ဆုံး၊ အကောင်းဆုံး စိတ်ဓာတ်ရေး ကုသမှုတွေ
ပေးခဲ့ကြပါတယ်။ ဒီ
စိတ်ဓာတ်ရေးရာ ကုသပေးရမှာက ရေရှည်လုပ်ငန်းတာဝန်ကြီးတခုပါ။
ဒီမုန်တိုင်းကြီး
ကြောင့် ညှိုးငယ် စိတ်ဓာတ်ကျနေတဲ့ လူကြီး လူငယ်တွေကို ကျနော်တို့
ဆက်ပြီး
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးဖို့ လိုအပ်နေပါတယ်။"
ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်ကြဖို့ တာပေါ်လင် ဖျင်စတွေ၊ သန့်ရှင်းတဲ့ရေပုံး
တွေ၊ ရေသန့်ဖို့ခပ်တဲ့ ကလိုရင်းဆေးတွေ၊ တကိုယ်ရေသန့်ရှင်းဖို့ အသုံးအဆောင်တွေ
နဲ့ ပိုးသတ်ဆေးဖြန်းထားတဲ့ ခြင်ထောင်တွေကိုပါ မုန်တိုင်းသင့်ဒုက္ခသည်တွေကို
အိုင်အိုအမ်အဖွဲ့ကြီးက ဝေငှခဲ့ပါတယ်။