သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘောစနီးယားခေါင်းဆောင်ဟောင်း ရာဒိုဗန် ခရာဒစ်ရှ်ကို ICC မှာ ရုံးတင်တော့မည်


ဘော်စနီးယား-ဆာ့ဘ်ခေါင်းဆောင်ဟောင်း ရာဒိုဗန် ခရာဒစ်ရှ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ဖို့ အတွက် The Hague မြို့က ကုလသမဂ္ဂရဲ့ နိုင်ငံတကာရာဇဝတ်တရားခုံရုံးကို ရောက်သွားပါပြီ။

ခရာဒစ်ရှ်ဟာ ဆားဘီးယားမြို့တော် ဘဲလ်ဂရိတ်မြို့ကနေ ဗုဒ္ဓဟူးနေ့မနက် လင်းအားကြီးအချိန်မှာ နယ်သာလန်ကို လေယာဉ်နဲ့ ရောက်သွားတာပါ။ ၁၂ နှစ်ကြာ ဝရမ်းပြေးနေခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖမ်းဆီးခဲ့ပြီး ဘဲလ်ဂရိတ်မှာ ထိန်းသိမ်းထားခဲ့ ပါတယ်။

ခရာဒစ်ရှ်ဟာ ကမ္ဘာမှာ အလိုအရှိဆုံး ဝရမ်းပြေးတွေထဲက တဦးပါ။ ဘော်စနီးယားမြို့၊ ဆရီဘရန်နီကာမှာ မူစလင်အမျိုးသားနဲ့ ယောက်ျားလေး ၈၀၀၀ ကို ၁၉၉၅ ခုနှစ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာမှာ သူပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရာဇဝတ် တရားခုံရုံးက သူ့အပေါ် စွဲဆိုထားတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG