သုံးရလွယ်ကူစေသည့် Link များ

AIDS နှင့် အခြားရောဂါတိုက်ဖျက်ရေးမှု အမေရိကန်က ၄၈ ဘီလံယံ ကူညီမည်


အမေရိကန် ဒေါ်လာ သန်း ၄သောင်းရှစ်ထောင် အသုံးပြုနိုင်ရေး တင်သွင်းထားတဲ့ ဥပဒေကို အမေ ရိကန်သမ္မတ ဘွတ်ရှ် က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်

ဒီငွေကြေးတွေကို လက်ရှိ အမေရိ ကန်ပြည်ထောင်စုရဲ့ အစီအစဉ်တွေအထဲ သန်းနဲ့ချီအသုံးပြုနေတဲ့ အာဖရိက အရှေ့တောင်အာရှ အပါအဝင် အချို့နိုင်ငံတွေမှာပါ အသုံးပြုသွားမယ်လို့ ဗီအိုအေသတင်းထောက် မိုက်ကယ် ဘိုးမန်း အိမ်ဖြူတော်က သတင်းပေးပို့ထားတာကို မညိုညိုလွင်က တင်ပြထားပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုမှာ အမေရိကန်ပြည်ထောင်စုအနေရဲ့ အကြီးမားဆုံး ကြိုး ပမ်းမှုတရပ်အနေနဲ့ သမ္မတရဲ့ အရေးပေါ် စီမံချက် PEPFER လို့ ခေါ်တဲ့ အေအိုင်ဒီအက်စ် ရောဂါသည်များ ကူညီ ကုသရေး လုပ်ငန်းစဉ်တရပ်ကို ၂၀၀၃ ခုနှစ်က စပြီး ဆောင်ရွက်ခဲ့တာပါ။ သန်း ပေါင်း တသောင်းငါးထောင် အသုံးပြုခဲ့တဲ့ (၅) နှစ်စီမံကိန်းဟာ မကြာမီ ပြီးဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ကွန်ဂရက်လွှတ်တော်က အေအိုင်ဒီအက်စ်၊ ငှက်ဖျားရောဂါနဲ့ တီဘီရောဂါ တိုက်ဖျက်ရေးတွေ

ဆက်လက် လုပ်ဆောင်နိုင်ဘို့နဲ့ တိုးချဲ့ဆောင်ရွက်နိုင်ဘို့ ဒေါ်လာ ၄၈ ဘီလီယံ အဆိုပြုခဲ့တာ ဖြစ် ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးရာ ပေါ်လစီအရ အာဖရိကနိုင်ငံတွေကို အဓိက ထောက်ပံ့နေပြီး၊ ပက်ဖါး အစီအစဉ်ကို ဆက်လက်လုပ်ကိုင်နေတာဟာ အမေရိကန်နိုင်ငံဟာ မေတ္တာဂရုဏာ ရှိတဲ့ နိုင်ငံတခုဖြစ်တယ်ဆိုတာကို ပြသလိုက်တာပါပဲလို့ သမ္မတ ဘွရှ်က ပြောဆိုလိုက်ပါတယ်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ HIV/AIDS ဟာ မထိမ်းချုပ်နိုင်အောင် ပျံ့နှံ့ခဲ့ပါတယ်၊ အချုပ်အခြာ နယ် မြေတွေ တခုလုံးနီးပါး ပျံ့နှံ့ပြီး ရက်ရက်စက်စက် ဖြစ်ပွားခဲ့မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ Botswana လို နိုင်ငံ မျိုးမှာ အေအိုင်ဒီအက်စ်ရောဂါက သက်တမ်း (၁၅) နှစ်လောက်ကို ဖြတ်တောက်ခဲ့တာပါ။ သတင်းစာ တစောင်မှာရေးထားတာက အေအိုင်ဒီအက်စ်ရောဂါဟာ အသက်အရွယ်အလယ်အလတ်ရှိသူတွေကို ဆိုး ဆိုး ဝါးဝါးသေဆုံးခဲ့ရပါတယ်။ ဒီကနေ့မှာတော့ တကယ့်ကို ကွဲပြားခြားနာမှုတွေကို မြင်တွေ့လာရပါပြီ။ HIV/AIDS ဟာ ကမ္ဘာပေါ်မှာ လူသားတွေအတွက် အကြီးဆုံး စိန်ခေါ်မှုကြီးတခုဖြစ်တယ်ဆိုတာ ပြောစရာမလိုပါဘူး၊ ဒါပေမဲ့ ဒီစိန်ခေါ်မှုကို ကျနော်တို့ ရင်ဆိုင်နေနိုင်ပါပြီ။”

သမ္မတကနေ ဥပဒေမူကြမ်းကိုလက်မှတ်မထိုးမီ အိမ်ဖြူတော် အရှေ့ဘက်ခန်းမမှာ ပြောဆိုခဲ့တာပါ။ HIV ရောဂါပိုးရှိတဲ့ မိခင်တွေထံက ရောဂါကူးဆက်မှုတွေ နည်းပါးလာပေမဲ့ ကမ္ဘာတဝှမ်းမှာတော့ ထောင်နဲ့ ချီပြီး HIV ဗိုင်းရက်ပိုးရှိသူတွေကို နေ့စဉ်နဲ့ အမျှ စစ်တမ်းတွေမှာ တွေ့ရှိနေရပါတယ်။ ဒီလို ဝမ်းနည်းဖွယ်ရာ သတင်းတွေကိုလည်း သမ္မတဘွရှ်က လက်ခံ ရရှိခဲ့ပါတယ်။

“HIV ဗိုင်းရပ်စ် ပိုးရှိနေသူတွေအဖို့ ရှက်နေစရာ အကြောင်းမရှိပါဘူး၊ ရှက်မနေပဲ စစ်ဆေး ကုသမှု တွေ ကို လုပ်ဘို့ လိုအပ်ပါတယ်၊ ခင်ဗျားတို့ အသက်ဟာ ခင်ဗျားတို့ကို ချစ်ခင်သူတွေရဲ့ ရတနာ တပါး ပါပဲ၊ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာလည်း အဘိုးတန်ပါတယ်။”

ကုလသမဂ္ဂ ရဲ့ အေအိုင်ဒီအက်စ် ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ကမ္ဘာ့အနှံ့ ရောဂါပျံ့ပွားမှုနှုန်းဟာ တည်ငြိမ်မှုရှိလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း သေဆုံးမှုနှုန်း ကာကွယ်နိုင်တဲ့ ဆေးဝါးကုသမှုတွေ ရှိလာနေပြီလို့ ဆိုပါတယ်၊ ဒါပေမဲ့ အေအိုင်ဒီအက်ရောဂါတိုက်ဖျက်ရေးဟာ အောင်မြင်မှုရှိနေပေမဲ့ အချိန်မရွေး အလွယ်တကူ ပြန်လည်ဖြစ်ပွားနိုင်မှုတွေရှိနိုင်တယ်လို့လဲ သတိပေးပြောဆိုထားပါတယ်၊

သမ္မတဘွတ်ရှ်လက်မှတ်ထိုးခဲ့တဲ့ မူကြမ်းက ပက်ဖာ အစီအစဉ်ကို ပိုမိုတိုးချဲလုပ်ဆောင်သွားနိုင်ဖို့ အတွက် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG