မြန်မာစစ်အစိုးရ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဒီရက်ပိုင်းမှာ
၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်တဲ့
သတင်း
တွေကို စုံစမ်းနေသလို ရှေ့ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း
လွှတ်တော်
ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေကို မေးမြန်းနေပါတယ်။ အကြောင်းစုံကို
ကိုသိန်းထိုက်ဦးက
တင်ပြပေးထားပါတယ်။
ဒီရက်ပိုင်းထဲမှာ
မြန်မာစစ်အစိုးရ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တွေက ၁၉၉၀ ခုနှစ်
ရွေးကောက်ပွဲမှာ
အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်မှာနေတယ်၊ သူတို့
ရဲ့
ကျန်းမာရေးအခြေအနေကအစ အသေးစိတ် မေးမြန်းစုံစမ်းတာတွေ လုပ်နေတယ်
လို့ အန်န်အယ်လ်ဒီ
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က
ပြောပါတယ်။
ဒါ့အပြင်
ဒီလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ၂၀၁၀ ခုနှစ် စစ်အစိုးရက
ရွေးကောက်ပွဲအသစ်
ကျင်းပခဲ့လို့ရှိရင် ဒီရွေးကောက်ပွဲမှာ ၀င်မှာလား ဆိုတာမျိုး၊
တိုက်ရိုက်၊
ဒါမှမဟုတ် သွယ်ဝိုက်ပြီးမေးတာမျိုးတွေ ရှိနေတယ်လို့ အန်န်အယ်လ်ဒီ
လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်သူတယောက်က အခုလိုပြောပါတယ်။
"ဘယ်လိုစစ်တမ်းကောက်လဲဆိုတော့
မြို့နယ်တိုင်းမှာ ၉၀ ခုနှစ်က အန်န်အယ်လ်ဒီ
လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အရွေးခံတဲ့
လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။ အဲဒီလွှတ်တော်ကိုယ်စားလှယ်တွေကလည်း
အရွေးချယ်ခံထားပြီးသားပေါ့။ အဲဒီလူတွေ
ကို လက်ရှိ သက်ဆိုင်ရာ
ရွေးချယ်လိုက်တဲ့မြို့နယ်မှာရှိလား၊ မရှိဘူးလား။ ပြီးတော့
ကွယ်လွန်၊ ဒါမှမဟုတ်
သက်ရှိ။
"တချို့ကလည်း
ရန်ကုန်မှာနေပြီး ဒီမှာလာအရွေးခံတာတွေရှိတယ်။ ရှိရင်လည်း
လောလောဆယ် ဘယ်မှာနေတယ်၊
အသက်အရွယ်၊ ကျန်းမာရေး၊ ပြီးတော့ အဲဒီ
ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် ၂၀၁၀ ခုနှစ်မှာ
အစိုးရကလုပ်မယ့် ရွေးကောက်ပွဲ
မှာ အရွေးချယ်ခံမှာလား၊ မခံဘူးလား။ အရွေးချယ်ခံမယ်၊
မခံဘူးဆိုတဲ့ကိစ္စကတော့
တချို့နယ်တွေမှာ သွယ်ဝိုက်ပြီးစုံစမ်းသလို
တချို့နယ်တွေမှာကျတော့လည်း အဲဒီ
လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်ရိုက်တွေ့ပြီး
မေးတာတွေရှိတယ်။"
စစ်အစိုးရရဲ့
နိုင်ငံရေးလုပ်ငန်းစဉ်တွေက ဒီမိုကရေစီနည်းလမ်း မကျဘူးဆိုပြီး ပြီးခဲ့တဲ့
ရက်ပိုင်းအတွင်းကပဲ
လွှတ်တော်ကိုယ်စားလှယ်တချို့က မြန်မာစစ်အစိုးရဟာ ၂၀၁၀
ခုနှစ် ရွေးကောက်ပွဲ
ကျင်းပခဲ့မယ်ဆိုရင် ဒီရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုပြီး
ကြေညာချက်
ထုတ်ခဲ့တာတွေ ရှိပါတယ်။ ဒီလိုကြေညာချက်တွေ၊ ပြောဆိုချက်တွေ
ထွက်လာပြီးနောက်ပိုင်းမှာ အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ကနေပြီး
လွှတ်တော်ကိုယ်စား
လှယ်တွေရဲ့ သဘောထားကို မေးမြန်းစုံစမ်းတာတွေ လုပ်လာခဲ့တာပါ။
တတိုင်းပြည်လုံးမှာရှိတဲ့
တခြားကျန်နေသေးတဲ့ ၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရ
တဲ့
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို ဒီလိုမေးမမေးဆိုတာတော့ မသိရ
သေးပါဘူး။
အမေးခံရတဲ့အထဲမှာ ပဲခူးမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှလည်း
ပါဝင်ပါတယ်။
ဦးမြတ်လှက အခုလိုပြောပါတယ်။
"အက်စ်ဘီက
တယ်လီဖုန်းနဲ့မေးတာ။ ၀င်မှာလား၊ မ၀င်ဘူးလားတဲ့။ မသိသေးဘူး၊
ရွေးကောက်ပွဲဥပဒေတွေ
ထွက်မှပဲ စဉ်းစားမယ်လို့ ပြောလိုက်တယ်။ ဝေါက ဦးတင်ရွှေ
တို့ကိုလည်း
မေးတယ်လို့ပြောတယ်။ သူတို့ ဘာရည်ရွယ်ချက်လဲတော့ မသိဘူး။ ကျနော်
သိသမျှ
ကျနော့်ကိုမေးပြီးတော့ ဟိုလူတွေ လျှောက်မေးတယ်လို့ပြောတယ်။"
၂၀၁၀
ခုနှစ် မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးကို
သက်တမ်းကြာအောင် ဟန်ပြကျင်းပြတဲ့ ရွေးကောက်ပွဲသာဖြစ်လိမ့်မယ်ဆိုပြီး
ဒီ
ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဒီမိုကရေစီ အင်အားစုတွေကြားမှာ
တိုက်တွန်း
ပြောဆိုတာတွေ ရှိနေပါတယ်။
စစ်အစိုးရနဲ့
အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကတော့
နိုင်ငံရေးပါတီအသွင်ပြောင်းပြီး ဒီရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့
ပြင်ဆင်နေ
တယ်ဆိုတဲ့ တိုင်းရင်းသားသတင်းရပ်ကွက်က သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အုပ်ချုပ်ပုံ အခြေခံဥပဒေကို တရားမ၀င်ဘူးဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့
ကြေညာချက်တွေကို ဝေဖန်ပြစ်တင်ထားပြီး ဒီမိုကရေစီပန်းတိုင်နဲ့ အလှမ်းဝေးအောင်
မလုပ်သင့်ဘူးဆိုတဲ့ ဆောင်းပါးမျိုးတွေ ရေးသားဖော်ပြနေပါတယ်။