သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ကို နိုင်ငံရေးနဲ့ မရောသင့်


လာမယ့် သီတင်းပတ်အတွင်း စတင်ဖွင့်လှစ်မယ့် ဘေဂျင်း အိုလံပစ်ပွဲဟာ တရုတ်နိုင်ငံအတွင်းက လူ့အခွင့်အရေး မှတ်တမ်းအပေါ် မကျေနပ်ချက်တွေကို ဖော်ထုတ်ပြသမယ့်ပွဲ မဟုတ်ဘူးလို့ တရုတ်သမ္မတ ဟူကျင်းတောင် က ပြောလိုက်ပါတယ်။

မတူညီတဲ့တိုင်းပြည်က လူတွေအကြား အကြောင်းအရာ တော်တော်များများအပေါ် အမြင်ချင်း မတူညီကြတာဟာ မလွဲမရှောင်သာတဲ့ ကိစ္စဖြစ်တယ်လို့ ဒီကနေ့ ရှားရှားပါးပါး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ဟူက အခုလို ပြောဆိုလိုက်တာပါ။ ဒါပေမယ့် အိုလံပစ်ပွဲကို နိုင်ငံရေးနဲ့ ရောယှက်တာဟာ အိုလံပစ်ရဲ့ စိတ်ဓါတ်နဲ့ ဆန့်ကျင်ရာ ရောက်တယ်လို့ တရုတ် သမ္မတက ပြောပါတယ်။

၂၀၀၁ ခုနှစ်တုန်းက အိုလံပစ်ပွဲ တရုတ်ပြည်မှာ ကျင်းပဖို့ မဆုံးဖြတ်ခင် တရုတ်အစိုးရက တိုင်းပြည်တွင်းက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်အောင် လုပ်မယ်လို့ ပေးထားတဲ့ကတိကို လိုက်နာခြင်းမရှိဘူးလို့ အခုသီတင်းပတ် အစောပိုင်းတုန်းက နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (Amnesty International) က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကလည်း တရုတ်အစိုးရအနေနဲ့ တိုင်းသူပြည်သားတွေအပေါ် လူ့ခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန့်ဖို့ အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသေးတယ်။

တခြား ဖြစ်ပေါ်မှုတခုမှာတော့ အစောပိုင်းက ပိတ်ထားခဲ့တဲ့ အင်တာနက် ၀ဒ်ဆိုက် တချို့ကို နိုင်ငံခြား သတင်းထောက်တွေကို အသုံးပြုခွင့်ပြုမယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မီတီက ကြေညာလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG