ဂြိုလ်တု ဓါတ်ပုံတွေဟာ အရည်အသွေးကောင်းမွန်ပြီး မြေပြင်ကပြောင်းလဲမှုတွေကို ထင်ထင်ရှားရှားပြနိုင်တာမို့ သတင်းမှန်ရဘို့ ခက်ခဲလှတဲ့ နိုင်ငံအစိုးရတွေရဲ့ ဖုံးကွယ်ထားတဲ့ လုပ်ရပ်တွေကို ဖေါ်ထုတ်ရာမှာ အသုံးပြနိုင်ပါတယ်။ AAAS လို့ခေါ်တဲ့ အမေရိကန် သိပ္ပံအဖွဲ့ ကြီးကနေ မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကောင်းကင် ဂြိုလ်တု ဓါတ်ပုံတွေကနေ တဆင့် ထောက်လှမ်းတဲ့ အကြောင်းတွေကို တင်ပြထားပါတယ်။