သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာရှ ခေါင်းဆောင်တွေ အကြမ်းဖက်မှု လက်တွဲချေမုန်းဖို့ ကတိပြု


အာဖဂန်နစ်စတန်နဲ့ အိန္ဒိယနိုင်ငံမှာ လတ်တလော ဗုံးပေါက်ကွဲမှုတွေ အပေါ် အကြမ်းဖက်မှုတွေ၊ ပေါက်ကွဲမှုနဲ့ပတ်သက်တဲ့ တာဝန်ခံမှုတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဟာ တောင်အာရှအသင်းရဲ့ ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး (SAARC) ရဲ့ ထိပ်သီးညီလာခံ အတွင်း လွှမ်းမိုးနေပါတယ်။ ကိုလံဘိုမြို့ကနေ ဗွီအိုအေ သတင်းထောက် စတိဖ်ဟာမင် သတင်းပေးပို့ထားတဲ့ အတိုင်း တင်ပြထားပါတယ်။

တောင်အာရှခေါင်းဆောင်တွေက အချိန်ကာလ အတိအကျ မပြောသော်လည်းပဲ အကြမ်းဖက်သူတွေကို လက်တွဲ ခြေမှုန်းသွားမယ်လို့ ဂတိပေး ပြောဆိုလိုက်ပါတယ်။

အမေရိကန် စုံစမ်းထောက်လှမ်းရေးရဲ့ ပြောဆိုချက်အရ ကြားဖြတ်စက်တွေ နဲ့ ပါကစ္စတန် ထောက်လှမ်းရေးတွေ ဗုံးဖေါက်ခွဲသူတွေနဲ့ ဆက်သွယ် ပြောဆိုတယ်လို့ အမေရိကန် သတင်းဌာနတွေက ကိုးကားကာ သောကြာနေ့က ပြောဆိုလိုက်ပြီး စွပ်စွဲမှုအပေါ် ပါကစ္စတန်ဘက်က ငြင်းဆိုလိုက်ပြီး နောက်တနေ့မှာ SAARC ညီလာခံကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကို ဒီကိစ္စနဲ့ပတ်သက်ပြီး လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးမှုတွေ သူကိုယ်တိုင် လုပ်ဆောင်ပေးပါ့မယ်လို့ ဂတိပေး ပြောဆိုတာကို ကြားခဲ့ရတယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

နျူကလီးယား ပိုင်ဆိုင်တဲ့ အိမ်နီးချင်း နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုတွေ ပြန်လည် ပြုပြင်နိုင်ဖို့အတွက် ဒီလ လို ဖေါက်ခွဲမှုတွေ ရပ်ပြစ်ဖို့ လိုအပ်တယ် လို့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း က ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် ယူစွတ်ဖ်ရာဇာ ဂီလာနီ ကို ပြောဆိုခဲ့တယ် လို့ အိန္ဒိယနိုင်ငံရဲ့ သတင်း မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

SAARC ညီလာခံအဖွင့် မိန့်ခွန်းမှာ မစ္စတာ ဂီလာနီက ဇူလိုင် (၇) ရက်နေ့က ပေါက်ကွဲမှုအပေါ် ပြစ်တင် ရှုတ်ချ ပြောဆိုခဲ့ပါတယ်။

“ကဘူးလ်က အိန္ဒိယ သံရုံးကို ဗုံးခွဲခဲ့မှုကနေတဆင့် ကျနော်တို့ရဲ့ ဒေသတွင်းက နိုင်ငံတွေထဲမှာ ပါကစတန်နိုင်ငံဟာ အကြမ်းဖက်မှုတွေ နဲ့ အများဆုံး ဆက်နွယ်မှုရှိနေတယ် ဆိုတာအပေါ် ကျနော့် အနေနဲ့ ပြစ်တင်ရှုတ်ချမိပါတယ်။”

ဒေသတွင်းခေါင်းဆောင်တွေအနေနဲ့ တောင်အာရှက အကြမ်းဖက်မှုတွေကို တာဝန်ယူလက်တွဲ ဖယ်ရှား ပစ်ဖို့ကိုလည်း မစ္စတာ ဂီလာနီက ထည့်သွင်း ပြောဆိုသွားပါတယ်။

အိန္ဒိယနဲ့ အာဖဂန်နစ်စတန်ကလည်း အိန္ဒိယ သံတမန် ၂ ဦး အပါအဝင် လူပေါင်း ၆၀ လောက် သေဆုံး ခဲ့ရတဲ့ ပေါက်ကွဲမှုမှာ ပါကစ္စတန် ဟာ တစိတ်တပိုင်း ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်၊

အိန္ဒိယနိုင်ငံဟာ ဆက်တိုက် ဗုံးတွေ ပေါက်ကွဲခဲ့မှုတွေကြောင့် မတည်မငြိမ် ဖြစ်နေ ရပြီး ဒီပေါက်ကွဲတွေဟာ ပါကစ္စတန် ဒါမှမဟုတ် ဘင်္ဂလား ဒေ့ရှ်မှာ အခြေစိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ လက်ချက် ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကတော့ အာဖဂန်နစ်စတန်ရဲ့ မြို့တော်မှာ ဖြစ်ခဲ့တဲ့ ထိတ်လန့် တုန်လှုပ်စရာ ဖေါက်ခွဲမှုဟာ အကြမ်းဖက်မှုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို သတိပေးလိုက်သလိုပါပဲ လို့ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

“ဒါဟာ ကျနော်တို့ရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးမှုတွေကို အကြီးမားဆုံး စိန်ခေါ်မှုတရပ်ဖြစ်တယ် ဆိုတာ ငြင်းလို့မရပါဘူး။ စစ်ပွဲမှာ ကျနော်တို့ အရှုံးမခံနိုင်ပါဘူး။”

အာဖဂန်နစ်စတန် သမ္မတ ဟာမစ်ဂါဇိုင်း ကလည်း အလားတူ ပြောဆိုမှုတွေ ရှိခဲ့ပြီး ဒေသတွင်း နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ အကျိုးစီးပွားကို ကြည့်ပြီး အစွန်းရောက်သမားတွေကို ထောက်ပံ့နေတာတွေကို လက်တွဲ ဖြေရှင်းသွားဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

SAARC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ဒေသတွင်း အကြမ်းဖက် သမားတွေရဲ့ အခြေအနေ လှုပ်ရှားမှုတွေကို နိုင်ငံအချင်းချင်း သတင်းဖလှယ်တာတွေ ပြုလုပ်ဖို့ တနင်္ဂနွေနေ့မှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

ဒီသတင်းအချက်အလက် ဖလှယ်မှုတွေကို ဘယ်တော့ ဘယ်လို စတင် လုပ်ဆောင်ကြမယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောဆိုတာ မရှိခဲ့ပါဘူး။ ၂၃ နှစ် သက်တမ်း ရှိပြီဖြစ်တဲ့ ဒေသတွင်း ပြဌာန်းချက်ကို သဘောတူ ခဲ့ကြပေမယ့် အဲ့ဒီအထဲမှာ ပါဝင်တဲ့ အချက်အနည်းငယ်ကိုပဲ အကောင်အထည်ဖေါ် လုပ်ဆောင်နိုင်ကြပါသေးတယ်။

SAARC မှာ အာဖရန်နစ်စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လ်ဒိုက်ဖ်(စ်)၊ နီပေါ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေဟာ အဖွဲ့ဝင်နိုင်တွေ ဖြစ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG