အမေရိကန်သမ္မတ Bush တာဝန်အရသွားရတဲ့ နောက်ဆုံး အာရှ ခရီးစဉ်ဖြစ်ပုံရတဲ့ ခရီးစဉ်ကို တနင်္လာနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား၊ ထိုင်းနဲ့တရုတ်နိုင်ငံတွေဆီသွားမဲ့ ခရီးစဉ်အတွင်းမှာ တောင်ကိုရီးယား နိုင်ငံ Seoul မြို့တော်နဲ့တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွေဆီ သမ္မတသွားမဲ့ကိစ္စဟာ ခရီးစဉ် မစတင်ခင်ထဲ အငြင်းပွားစရာ ဖြစ်ခဲ့ တယ်လို့VOA အိမ်ဖြူတော်ဆိုင်ရာ သတင်းထောက် Paula Wolfson ကပြောပါတယ်။
တကယ်တော့ ဂျပန်မှာ လွန်ခဲ့တဲ့ တလကလုပ်ခဲ့တဲ့ G8 စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ထိပ်သီးစည်းဝေးပွဲပြီးထဲက သမ္မတ Bush တောင်ကိုရီးယားကို သွားဖို့ဖြစ်ပေမဲ့ အမေရိကန် အမဲသားတွေ တောင်ကိုရီးယားကို တင်ပို့ခွင့်ကို တောင်ကိုရီးယား အစိုးရက ပြန်ခွင့်ပြုလိုက်တဲ့ ကိစ္စကြောင့် Seoul မြို့တော်မှာ အကြီးအကျယ် ဆန္ဒပြမှုတွေဖြစ်ခဲ့လို ့ခရီးစဉ်ကို ရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အခုတော့နိုင်ငံရေး အခြေအနေ ငြိမ်နေပေမဲ့ လုံးဝ အေးဆေးသွားတယ်လို့မပြောနိုင်ပါဘူး။
သမ္မတ Bush အနေနဲ့တောင် ကိုရီးယား နိုင်ငံကျရင် ကုန်သွယ်ရေးကိစ္စ၊ ဘဏ္ဍာရေးကိစ္စနဲ့တောင်ကိုရီးယားက အမေရိကန်တပ်တွေ ကိစ္စကို အဓိကထား ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ မြောက်ကိုရီးယား နိုင်ငံအရေး ကိစ္စကလဲ သမ္မတ Bush အတွက် သမိုင်းတွင်ရစ်မဲ့ ကိစ္စဖြစ်တယ်လို့ Washingtonက နိုင်ငံတကာ မဟာဗျူဟာဆိုင်ရာ လေ့လာရေးအဖွဲ့က Derek Mitchell က ပြောပါတယ်။
“သမ္မတမှာလုပ်ရမဲ့ ကိစ္စတွေ အများကြီးပါ။ မြောက်ကိုရီးယားက သူတို့ရဲ့ Nuclear အစီအစဉ်တွေနဲ့ပါတ်သက်ပြီး မြောက် ကိုရီးယား အစိုးရ ထုတ်ဖေါ် ပြောပြထားတာတွေကို တကယ် ဟုတ်မဟုတ်ဆိုတာ ဆန်းစစ်နေရတဲ့ ခက်ခဲတဲ့ အချိန်ထဲမှာ ကျွန်တော်တို ့ရောက်နေပါတယ်။”
သမ္မတ Bush ဟာ ထိုင်းနိုင်ငံကိုရောက်တဲ့ အခါကျရင်တော့ မြန်မာ့အရေးကို အာရုံစိုက်မယ်လို့ခန့်မှန်းရပါတယ်။
ဒီမိုကရေစီနဲ့လွတ်လပ်မှုကို အမေရိကန်က ယုံကြည်တယ်လို့သမ္မတက မြန်မာ စစ်ခေါင်းဆောင်တွေကို ပြောထားတာ ဖြစ်ပါတယ်။ ချူလာလောင်ကောင် တက္ကသိုလ်က ပါမောက္ခတီးတီနမ် ဖွန်ဆူးဒီးကတော့ အမေရိကန် သမ္မတဟာ ဒေသတွင်းက တခြား ကိစ္စတွေထက် မြန်မာ့အရေး ကိစ္စကိုအာရုံစိုက်လွန်းနေတယ်လို ့ပြောပါတယ်။
“Bush အစိုးရက အရှေ ့တောင်အာရှအရေးဘက်လှည့်ပြီဆိုရင်သူတို ့အာရုံစိုက်တာက မြန်မာ့အရေးပဲ၊ အမေရိကန် နိုင်ငံခြားရေး မူဝါဒဟာ ဒေသတခုလုံးအတွက်အပြည့်အ၀ မဟုတ်ပါဘူး။”
ထိုင်းနိုင်ငံမှာ 24 နာရီလောက်ပဲနေပြီး သမ္မတ Bush ဟာ ဘေဂျင်းဆီကို ခရီးဆက်မှာဖြစ်ပါတယ်။
ပင်ပင်ပန်းပန်းကြိုးစားကြတဲ့ အားကစား မောင်မယ်တွေအနေနဲ့ကိုယ်နိုင်ငံရဲ့အလံကို သမ္မတက ဝှေ့ ယမ်းပြီး အားပေးနေတာကို မြင်ရရင် အားတက်မှာပါလို့သမ္မတကပြောခဲ့တာပါ။ Olympic ဖွင့်ပွဲကို သမ္မတတက်မဲ့ အတွက် အကောင်းဘက်က တွေးနိုင်တာတွေရှိတယ်လို့Derek Mitchell ကပြောပါတယ်။
“သမ္မတအနေနဲ့သာမန်လူတယောက်လို အားကစားကိုအားပေးရုံဘယ်ဟုတ်ပါ့မလဲ၊ အမေရိကန်ဆိုတဲ့ ဂုဏ်၊ သမ္မတဆိုတဲ့ဂုဏ်ပုဒ် နဲ ့သမ္မတ Bush က တရုတ်တို့ Olympic ဖွင့်ပွဲ အခမ်းအနားကို တက်မှာပါလိမ့်မယ်။”
တိဘက်အရေးကိစ္စနဲ့ဆူဒန်နိုင်ငံ Darfur ဒေသ ကိစ္စတွေကြောင့်တရုတ်မှာ လုပ်တဲ့ Olympic ကို သပိတ်မှောက်သင့် တယ်လို ့တချို့တွေက ဝေဖန်နေကြပါတယ်။ ဒါပေမဲ့ ဟိုအရင်ထဲက တရုတ်အစိုးရရဲ့ဖိတ်ကြားမှုကို လက်ခံခဲ့တဲ့ သမ္မတအတွက် မလာဘူးလို့ငြင်းဖို့ခက်ခဲတယ်လို့လဲ Derek ကဆိုပါတယ်။ Olympic ပွဲကို မတက်ရင် တရုတ်တွေကို စော်ကားရာ ရောက်မှာပေါ့လို့သမ္မတကလဲ ပြောပါတယ်။ နောက်ပြီး Olympic ပွဲဝင်ပြိုင်ကြမယ့် အမေရိကန် အားကစား မောင်မယ်တွေကို သူကိုယ်တိုင်မစောင့်နိုင်တော့လောက်အောင် အခုဘဲသွားပြီးအားပေးချင်ပြီလ့ို့အားကစားသမားတွေ ွအတွက် အိမ်ဖြ ူတော်မှာ လုပ်တဲ့ပွဲမှာ သမ္မတ Bush ကခုလိုပြောခဲ့ပါတယ်၊
“အောင်ပွဲခံကြတဲ့ အားကစားမောင်မယ်တွေရဲ့အပျော်တွေကို သူလဲမျှဝေဖို့မစောင့်နိုင်တော့ဘူးလို ့သမ္မတကပြောခဲ့ တာပါ။ အမေရိကန် အားကစားသမားတွေဟာ နိုင်ငံကိုယ်စားပြု သံအမတ်တွေ ဖြစ်တယ်လို ့သူမြင်ကြောင်းနဲ့ သူတို့ဟာ လွတ်လပ်မှုကို မြတ်နိုးတဲ့ အမေရိကန်နိုင်ငံကို ဘေဂျင်းမှာကိုယ်စားပြုကြလိမ့်မှာ ဖြစ်တယ်”လို့အမေရိကန် သမ္မတ Bush ကပြောပါတယ်ရှင်။