နှစ်စဉ် ကျင်းပမြဲ ဟိန္ဒူ ဘုရားပွဲတော်မှာ လူတွေ ကြပ်ညပ်ပြီး လူ ၁၅၀ သေဆုံး၊ အနည်းဆုံး ၄၈ယောက် အနာတရ ရရှိသွား ကြတယ်လို့ အိန္ဒိယ နိုင်ငံ မြောက်ပိုင်း Himachal Pradesh ပြည်နယ် အာဏာပိုင်တွေက ဆိုပါတယ်။
ကျဉ်းမြောင်းလှတဲ့
တောင်တက်လမ်း တလျှောက် တပ်ဆင်ထားတဲ့ သံ လက်ရမ်းဟာ လူတွေရဲ့ အားကြောင့်
ပြုတ်ထွက် သွားခဲ့တဲ့အခါမှာ စိတ်မကောင်းစရာ ဖြစ်ရပ် တနင်္ဂနွေနေ့က
ဖြစ်ပွါးခဲ့ရတာပါ။
လူတွေက
လုံခြုံရာကို ပြေးကြတဲ့အခါ မြေပြိုတယ်ဆိုတဲ့ ကောလဟာလကြောင့် တိုက်မိခိုက်မိ
တက်နင်းမိကြပါတယ်လို့ အရာရှိ တွေက ပြောပါတယ်။
ရာသီဥတု ဆိုးဝါးနေတာကြောင့် ကယ်ဆယ်ရေး အလုပ်တွေ လုပ်ရပို ခက်သွားခဲ့ပါတယ်။ ရဲက ကြိုးတန်း ကားငယ်တစ်စီးကို အသုံးပြုပြီး၊ သေဆုံးသူတွေနဲ့ အနာတရ ဖြစ်သွားသူတွေကို အောက်ကို သယ်ချပေးခဲ့ရပါတယ်လို့ အရာရှိတွေက ဆိုကြပါ တယ်။ ဒဏ်ရာရသူတွေကို ရဟတ်ယာဉ်နဲ့ နီးရာ ဆေးရုံကို အမြန်သယ်သွားခဲ့ရပါတယ်။
ဒီ အဖြစ်အပျက်က Bilaspur ခရိုင်၊ ကိုးရက်ပွဲတော်ရက် အတွင်း ဒုတိယ နေ့ မှာ ဖြစ်ပွါးခဲ့တာပါ။