သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား စာရေးဆရာကြီး ဆိုဇင်နစ်ဇင် ကွယ်လွန်


နိုဘယ်ဆုရ ရုရှား စာရေးဆရာကြီး အလက်ဇန်းဒါး ဆိုဇင်နစ်ဇင်ဟာ အသက် ၈၉ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဆိုဗီယက် အစိုးရ ကို ဝေဖန်ရေးသားခဲ့မှုကြောင့် စာရေးဆရာကြီးဟာ ဆိုဗီယက် ခေတ်အတွင်း ပြည်ပမှာ အဝေးရောက် နေထိုင်ခဲ့ရပါတယ်။

နှလုံးရောဂါနဲ့ သေဆုံးတယ်လို့ သူ့သားက ဆိုပါတယ်။ ရုရှား သတင်းစာတွေကတော့ လေဖြတ်တဲ့ ရောဂါကို စာရေးဆရာကြီး ခံစားနေခဲ့ရတယ်လို့ ရေးကြပါတယ်။

ဆိုဇင်နစ်ဇင်ဟာ ဆိုဗီယက် ယူနီယံမှာ ဆင်ဆာ ဖိနှိပ်ခံခဲ့ရတဲ့ စာရေးဆရာတွေရဲ့ ဘ၀ သင်္ကေတ ဖြစ်ခဲ့ပါတယ်။

၁၉၁၈ မှာ မွေးခဲ့ပြီး၊ ရုရှား တက္ကသိုလ်မှာ သင်္ချာပညာ လေ့လာခဲ့ပါတယ်။ စတာလင်ကို ဝေဖန်တဲ့ ပေးစာ ရေးခဲ့တဲ့ အတွက် ၁၉၄၅မှာ ထောင် ၈နှစ် ချခံရပြီး၊ ကာဇက်စတန်ကို နယ်နှင်ခံခဲ့ရပါတယ်။

သူ့ရဲ့ရဲဘက် စခန်းအတွေ့အကြုံကို ရုရှား ပြန်ရောက်တဲ့အခါ၊ ဝတ္ထုရေးသားခဲ့ပြီး ၁၉၆၂မှာ ထုတ်ဝေခဲ့ပါတယ်။ အဲဒီ ဝတ္ထု ကတော့ One Day in the Life of Ivan Denisovich ဝတ္ထုဖြစ်ပါတယ်။ The Gulag Afchipelago ဝတ္ထုကိုတော့ အနောက်နိုင်ငံမှာ ထုတ်ဝေခဲ့ရပါတယ်။

၁၉၇၀မှာ နိုဘယ်ဆုရခဲ့ပါတယ်။

၁၉၉၄မှာ ရုရှားကို သူ ပြန်သွားခဲ့ပြီး၊ နေထိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG