သြဂုတ်လ ၈
ရက်နေ့ဟာဖြင့် ၁၉၈၈ ခုနှစ်၊ ၈ လေးလုံး လူထုအုံကြွမှုကြီးဖြစ်ခဲ့တဲ့ နှစ်
၂၀ မြောက်
နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီသီတင်းပတ်စီးပွားရေးကဏ္ဍမှာ ၈ လေးလုံး
လူထုအုံကြွမှု
နှစ်ပတ်လည် အထူးအစီအစဉ်တခုအဖြစ် ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံရဲ့
စီးပွားရေးအခြေအနေနဲ့ ဒီကနေ့ခေတ် စီးပွားရေးအခြေအနေ နှိုင်းယှဉ်ချက်တွေကို
စုစည်း
တင်ဆက်ထားပါတယ်။
စနစ်တခုကိုပြောင်းလဲသွားအောင်၊
အုပ်ချုပ်ရေးတခု ပြုတ်ကျသွားအောင် လုပ်ပလိုက်
နိုင်တဲ့ လှုပ်ရှားမှုမျိုးကို
Revolution တော်လှန်ရေးလို့ သတ်မှတ် ခေါ်ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၈
ခုနှစ်ကဖြစ်ခဲ့တဲ့ ၈ လေးလုံး လူထုအုံကြွမှုကြီးကြောင့် အဲဒီအချိန်
က
တပါတီအစိုးရပြုတ်ကျသွားပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်လည်း
နိဂုံးချုပ်သွားခဲ့
ပါတယ်။