သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ကလေးများပညာရေး ယူနီဆက်(ဖ်) ကူညီ


လပွတ္တာမြို့နယ် ကြိမ်ချောင်းကျေးရွာက ကလေးငယ်တွေဟာ စာသင်ခန်းတွေထဲ ပြန်ရောက်နေကြပါပြီ၊ ဆိုက်ကလုန်းမုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ ဧရာဝတီတိုင်းအတွင်းက စာသင်ကျောင်းတွေ ရဲ့ ကျောင်းဖွင့်ချိန်ဟာ တလလောက် နောက်ကျခဲ့ရပါ တယ်၊ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ စာသင်ကျောင်းတွေ ပြန်ဖွင့်နိုင်ခဲ့ပြီး ဒေသခံကလေးငယ်တွေကတော့ သူတို့စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကိုလည်း ပြောပြခဲ့ကြပါတယ်။

ဒီကလေးငယ်တွေဟာ လွန်ခဲ့တဲ့ နှစ်လက ဧရာဝတီတိုင်းအတွင်းမှာ ကြေမွပျက်စီး သွားအောင် တိုက်ခတ်ခဲ့တဲ့ ဆိုက်ကလုန်း မုန်တိုင်းဒဏ်ကို တွေ့ကြုံခံစားခဲ့ရပြီး ဒုက္ခပေါင်းစုံ၊ ခက်ခဲမှုပေါင်းစုံတွေရဲ့ ဖြစ်ရပ်နောက်က အပြောင်းအလဲတခုဖြစ်ပါတယ်။

ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF ကတော့ ကလေးငယ်တွေရဲ့ အားပြည့် ကောင်းမွန်တဲ့ အခြေအနေတွေ ပြန်လည်တည်ဆောက်နိုင်ရေး ပညာပေးအစီအစဉ်နဲ့ ဧရာဝတီတိုင်းအတွင်းက လေဘေးမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ မြို့နယ်ပေါင်း (၇) ခုမှာ မူလတန်းစာသင်ကျောင်း (၇) ကျောင်းကို ပြန်လည်ဆောက်လုပ် ပေးနိုင်ခဲ့ပါတယ်။

ခက်ခဲကြမ်းတမ်းမှုတွေ အနှောက်အယှက်တွေကြားကပဲ ဒီကလေးငယ်တွေမှာ တောက်ပတဲ့ အနာဂတ် မျှော်လင့်ချက်တွေတော့ ရှိနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG