သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပြည် ရှင်းကျန်းပြည်နယ် တိုက်ခိုက်မှု ဝီဂါမူဆလင် ၂ ဦးကို ဖမ်းဆီး


မနေ့က တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်
ကက်ရှ်ကာမြို့မှာ တရုတ်ရဲတပ်ဖွဲ့ဝင် ၁၆ ဦး
သေဆုံးသွားခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုကို အမေ
ရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ
ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

သေဆုံးသွားတဲ့ တရုတ်ရဲတပ်ဖွဲ့ဝင်တွေနဲ့
ကျန်ရစ်သူ မိသားစုတွေအတွက် ဝမ်းနည်း
ကြောင်း အမေရိကန်ပြည်ထောင်စုက
အကြောင်းကြားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂွန်ဇာလို ဂဲလက်ဂေါ့စ်
(Gonzalo Gallegos) က ဆိုပါတယ်။

လက်သည်တရားခံတွေဟာ ဝီဂါ မူဆလင်တိုင်းရင်းသား ၂ ဦးဖြစ်တယ်လို့ အစိုးရရဲ့
ဆင်ဟွာသတင်းဌာနက ကြေညာပါတယ်။ အသက် ၂၈ နှစ်နဲ့ ၃၃ နှစ်ရှိကြတဲ့ ဗုံးခွဲ
တရားခံ ၂ ဦးကိုလည်း နောက်ပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။

ဘေဂျင်း ကမ္ဘာ့နွေရာသီအိုလံပစ် အားကစားပွဲတော် စတင်ကျင်းပဖို့ လေးရက်အလို
မှာ ဖြစ်ပွားခဲ့တဲ့ ဒီဗုံးပေါက်မှုဟာ မနက်စောစော ကိုယ်လက်ကြံ့ခိုင်ရေး အပြေး
လေ့ကျင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီကို အမှိုက်တင်ထရပ်ကားတစီးက မောင်းဝင်ပြီး
ပါလာတဲ့ ဗုံးခွဲသမားတွေက ဗုံးလည်းခွဲ၊ ရဲတွေကိုလည်း ဓားနဲ့ထိုး တိုက်ခိုက်ခဲ့တာ
ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG