ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ်တော်သစ်ဖြစ်
တဲ့ တိုးမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ
သူ့ရဲ့ ဒုတိယနေ့
ခရီးစဉ်ဖြစ်တဲ့ ဒီကနေ့မှာ နိုင်ငံရေးအကျဉ်းသား အများအပြားကို
ဖမ်းဆီးထိန်းသိမ်း
ထားရာ ရန်ကုန်မြို့က အကျဉ်းထောင်ကိုလည်း သွားရောက်ခဲ့ပါတယ်။
တချိန်တည်းမှာ
ပဲ အခုလို မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို
စုံစမ်းစစ်ဆေးဖို့ရောက်
နေတဲ့ အထူးကိုယ်စားလှယ်သစ်အနေနဲ့ ရောက်တုန်းရောက်ခိုက်
အကျဉ်းသားတွေ
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကိုလည်း
ဖော်ထုတ်သွားနိုင်ဖို့
တိုက်တွန်းပြောဆိုသံတွေကိုလည်း ကြားနေရပါတယ်။
အကြောင်းစုံကို
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမတ်စ် အိုဟေး
ကင်တားနားက
သူ့ရဲ့ ဒုတိယနေ့ခရီးစဉ် တစိတ်တပိုင်းအဖြစ်နဲ့
အင်းစိန်ထောင်ကို သွားရောက်ခဲ့တာပါ။
နေ့လယ်ပိုင်းက သွားရောက်ခဲ့ပြီးတော့
နိုင်ငံရေးအကျဉ်းသားတချို့နဲ့ တွေ့ဆုံဖွယ်ရာ
ရှိတယ်လို့လည်း မျှော်လင့်ရပေမယ့်
ဘယ်သူဘယ်ဝါတွေ ပါဝင်မယ်ဆိုတာတော့ မသိရ
သေးဘူးလို့ အင်းစိန်ထောင်ရှေ့ကို ဒီကနေ့ သွားရောက်ခဲ့တဲ့
နိုင်ငံရေးအကျဉ်းသား
မိသားစုဝင်တဦးက ပြောပါတယ်။
"ရောက်နေတယ်။ ဘယ်သူတွေနဲ့ တွေ့နေလည်းတော့ မသိဘူး။
၂ နာရီလောက်က
ရောက်တာ။ အခုထက်ထိတော့ မပြန်သေးဘူး။ ၂၀၀၇ အသုတ်ဆိုတော့
ဒီငြိမ်းလင်းနဲ့
တွေ့မလားတော့ မသိဘူး။ အဲဒီလိုအသံတော့ ထွက်နေတယ်။"
အခုလို အထူးကိုယ်စားလှယ်မတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ
လုပ်တဲ့အနေနဲ့ အစော
ပိုင်းမှာတုန်းက ထောင်တွင်းမှာကျွေးမွေးတဲ့ အစားအသောက်၊
အနေအထိုင် အခြေ
အနေတချို့ တိုးတက်ခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို တနေရာကနေတနေရာ
ရွှေ့ပြောင်းတာမျိုး၊ ထောင်ဝင်စာတွေ ပိတ်ပင်ထားတာမျိုးတွေ ရှိခဲ့တယ်လို့လည်း ဒီ
အကျဉ်းသားမိသားစုဝင်ကပဲ ပြောပါသေးတယ်။
"ထူးခြားမှုကတော့ အဆောင်တွေ ခြိမ်းလိုက်တာပေါ့။
လူတွေ ဘယ်လိုထားမလဲတော့
မသိသေးဘူး။ တွေ့ပေးမယ့်လူပဲ ခွဲထားလိုက်လား၊
ကျန်ခဲ့တဲ့တပတ်လောက်ကတော့
ဟင်းအစိုလေးတွေ နှစ်မျိုးလောက် ပြန်ပေးခိုင်းတယ်။
အရင်တုန်းကတော့ ပေးလို့မရ
ဘူး။"
တကယ်တော့ ဒီလိုအခြေအနေမျိုးတွေအပြင်
စွပ်စွဲချက်တွေ အမျိုးမျိုးနဲ့ ထောင်တွေထဲ
မှာ ထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
အနေနဲ့က ဥပဒေကြောင်းအရ
အကာအကွယ်တွေကလည်း မရှိသလောက် ဖြစ်နေရတယ်လို့ မိသားစုဝင်တွေ၊
အကျဉ်း
သားတွေအတွက် လိုက်ပါကူညီပေးနေတဲ့ ရှေ့နေတွေကလည်း ပြောနေကြတာပါ။
ဒီအထဲမှာ
ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာတော်တွေဦးဆောင်တဲ့ လှုပ်ရှားမှုတွေအတွင်း
ထင်ရှားခဲ့တဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့အမှုကို လိုက်ပါကူညီပေးဖို့ ကြိုးပမ်း
နေတဲ့
ရန်ကုန်မြို့က ရှေ့နေ ဦးညီညီလှိုင်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ ကြုံနေရ
တဲ့
လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ အခုလိုဆိုပါတယ်။
"ဦးဂမ္ဘီရလိုလူတွေက ဘာပုဒ်မနဲ့ အရေးယူထားပြီး
ဘာပုဒ်မနဲ့ အဖမ်းခံထားရမှန်း မသိ
ဘဲနဲ့ ထောင်ထဲမှာပဲ ခုခံချေပခွင့် မရဘဲနဲ့
အချုပ်ခံထားရတာ ဖြစ်နေတဲ့အတွက်
ကျနော်တို့ကို မည်သည့်ပုဒ်မနဲ့ အရေးယူထားပြီး
မည်ကဲ့သို့ ခုခံရမယ်ဆိုတာ သိသာ
ထင်ရှားအောင် လုပ်ပေးသင့်ပါတယ်။ ထောင်ထဲမှာပဲ
ချုပ်ရက်တွေအကြာကြီး ခုခံချေပ
ခွင့်မရဘဲနဲ့ ဒီအတိုင်းပဲ အချုပ်ခံနေရတဲ့အတွက်
အများကြီး လူ့အခွင့်အရေး ထိခိုက်
နစ်နာနေပါတယ်ဆိုတာ ပြောသင့်ပါတယ်။ ဒါမျိုး
အခြားလူတွေမှာလည်း ရှိပါတယ်။
"ဥပမာ ကျနော်လိုက်တဲ့အမှုထဲက ၈၈ မျိုးဆက်ကျောင်းသားထဲက
ကိုကျော်ဆန်းဆိုရင်
သူက အေးစေတီဘုရားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက်
တခြား
အန်န်အယ်လ်ဒီပါတီဝင်တွေနဲ့ ဆုတောင်းကြတယ်။ ဆုတောင်းတယ်ဆိုတာ သူတို့
စိတ်ထဲကနေ
သူတို့ လွတ်မြောက်ပါစေဆိုပြီး ဆုတောင်းတာ။ ဘယ်သူမှလည်း မကြား
နိုင်ဘူး၊
မသိနိုင်ဘူး။ ဒီဟာကိုပဲ ရုံးတင်စစ်ဆေးတဲ့အခါကြတော့ ပုဒ်မ ၁၄၇၊ ၅၀၅(ခ)
တို့နဲ့
စစ်ဆေးတဲ့အခါကြတော့ ဘုရားဝတ်ပြုနေတဲ့ပုံကို ဓာတ်ပုံရိုက်ထားပြီး ဒါ
ပြစ်မှု
ကျူးလွန်နေပါတယ်ဆိုပြီး စွပ်စွဲထားတာမျိုးတွေပေါ့။
"ဒါ အခြေခံ လူ့အခွင့်အရေးပဲ။ လူတိုင်းမှာရှိတဲ့
လွတ်လပ်စွာ ကိုးကွယ်ဆုတောင်းပိုင်ခွင့်
ဆိုတဲ့ အခွင့်အရေးလေးတောင် မရဘူးဖြစ်နေတယ်။
ဒါကြောင့် လူ့အခွင့်အရေး
ကော်မရှင်က တာဝန်ရှိတဲ့လူတွေနဲ့
ပြောဆိုဆွေးနွေးတိုင်ပင်ပြီး အဖြေတခု ထုတ်သင့်
ပါတယ်။ ဒါ ကျနော်တို့ရဲ့
အခြေခံလူ့အခွင့်အရေး ဆုံးရှုံးတာဖြစ်တယ်။"
ကုလသမဂ္ဂ အပါအ၀င် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေတဲ့
အဖွဲ့အစည်းတွေက
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၂,၀၀၀ လောက် ရှိတယ်ဆိုပြီး
စာရင်းပြုစုထားပေမယ့် မြန်မာစစ်အစိုးရဘက်ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ
မရှိဘူး၊
ရာဇ၀တ်ပြစ်မှုနဲ့ အရေးယူထားတာသာ ဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုနေ
တာပါ။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ဦးညီညီလှိုင်
ကတော့ …
"နိုင်ငံရေးအကျဉ်းသားတွေ အမှန်တကယ် ရှိနေပါတယ်။
နိုင်ငံရေးလုပ်လို့ အဖမ်းခံ
ထားရတဲ့လူတွေ အမှန်တကယ်ရှိနေပါတယ် ဆိုတာကိုတော့
လူ့အခွင့်အရေးကိုယ်စား
လှယ်ကို သိစေချင်ပါတယ်။ အုပ်ချုပ်တဲ့အစိုးရရဲ့ အုပ်ချုပ်တဲ့စနစ်၊
အုပ်ချုပ်တဲ့မူကို
မကြိုက်လို့ ပြောကြဆိုကြတဲ့လူတွေ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အတွက်
အမှုရင်ဆိုင်
ရတယ်။ ဒါ နိုင်ငံရေးအကျဉ်းသားပါ၊ နိုင်ငံရေးပြစ်မှုပါဆိုတာ
သိသာထင်ရှားစေချင်
တယ်။"
ရန်ကုန်မြို့က ရှေ့နေ ဦးညီညီလှိုင်ပါ။
International က လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်နေခိုက်
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့
ပတ်သက်လို့ ဝေဖန်ပြစ်တင်လိုက်ပါသေးတယ်။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်း
သားတွေကို ဆက်လက်ဖမ်းဆီးထားတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်
လို့ အနှစ်သာရမရှိတဲ့ ကတိတွေသာ ပေးနေတာကို ကုလသမဂ္ဂအနေနဲ့ လက်ခံနေဖို့
မသင့်ဘူးဆိုပြီးတော့လည်း ပြောဆိုလိုက်ပါသေးတယ်။