သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ် တောင်ကိုရီးယားခရီးစဉ် ဆန္ဒပြမှုများနှင့်ကြုံ


အမေရိကန်သမ္မတ ဂျော့ဂ်ျ ဘုရှ် တောင်ကိုရီး
ယားနိုင်ငံ၊ ဆိုးလ်မြို့ရောက်လာတာကို တောင်
ကိုရီးယားနိုင်ငံသား ၂၀,၀၀၀ လောက်
ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

သမ္မတဘုရှ် ဒီကနေ့ရောက်သွားတာနဲ့အတူ
တောင်ကိုရီးယားရဲတွေက မီးသတ်ပိုက်တွေသုံး
ပြီး ဆန္ဒပြသူတချို့ကို ရေနဲ့ထိုး ဖြိုခွဲခဲ့ပါတယ်။
သမ္မတဘုရှ်နဲ့ အမေရိကန်အမဲသားတင်ပို့တာကို
ကန့်ကွက်တဲ့ကြွေးကျော်သံတွေကို ဆန္ဒပြသူတွေ
က အော်ဟစ်ခဲ့ကြသလို တခြားဆန္ဒပြသူတွေက
လည်း သူတို့ရဲ့ တောင်ကိုရီးယားအစိုးရကိုယ်တိုင်
နဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်မှုတို့ကို ကန့်
ကွက်ခဲ့ကြပါတယ်။

ဆန္ဒပြသူ ၁၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဒါပေမယ့် အခုဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့လကစီစဉ်ခဲ့တဲ့ သမ္မတဘုရှ်ရဲ့ခရီးစဉ်ကို ရွှေ့ဆိုင်း
လိုက်ရတဲ့ထိဖြစ်ခဲ့ရတဲ့ ရုန်းရင်းဆန်ခတ်ဆန္ဒပြပွဲတွေလောက် မပြင်းထန်ခဲ့ပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG