သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် သမ္မတကတော်နှင့်သမီး မြန်မာ ဒုက္ခသည်စခန်း သွားမည်


အမေရိကန် သမ္မတ ကတော် လော်ရာဘုရှ်ဟာ ထိုင်းမြန်မာ နယ်စပ်မှာရှိတဲ့ မြန်မာစစ်ပြေး ဒုက္ခသည်များ စခန်းနဲ့ ဆေးကုသစခန်းတို့ကို သွားရောက်ကြည့် ရှုဖို့ပြင်ဆင်နေပါပြီ။

လော်ရာဘုရှ်နဲ့ သမီးဘာဘရာတို့ ဒီနေ့ ဘန်ကောက်ကနေ ထိုင်းနိုင်ငံ အနောက်ပိုင်း တာ့ခ် ခရိုင်မှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းသို့ လေယာဉ်ပျံနဲ့ သွားရောက်မှာပါ။ အဲဒီ ဒုက္ခသည်စခန်း မှာ မြန်မာဒုက္ခသည် သုံးသောင်းကိုးထောင်လောက် နေထိုင်ကြပြီး အများစုကတော့ မြန်မာပြည်တွင်းက ဆူပူမှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ ကရင် တိုင်းရင်းသားများ ဖြစ်ပါတယ်။ တချို့ဟာ ဒုက္ခသည် စခန်းမှာ အနှစ်၂၀လောက် နေထိုင်နေကြရပြီး မြန်မာပြည်သို့ ပြန်ရေး သို့မဟုတ် အမေရိကန် အပါအဝင် တတိယ နိုင်ငံတခုမှာ အခြေချနေထိုင် ခွင့်ရရှိရေး စောင့်ဆိုင်း နေကြတယ်လို့ ဆိုပါတယ်။

သမ္မတကတော်ရဲ့ ပြောခွင့်ရ အမျိုးသမီး Anita McBrideက ဒုက္ခသည် လူနာများအား ကူညီ ကုသပေးနေတဲ့ ဆေးခန်းကို သွားကြည့် လေ့လာပြီးနောက် အမေရိကန်မှာ နေထိုင်ခွင့် လျှောက်ထားတဲ့ ဒုက္ခသည်များကို လုံခြုံရေး စစ်ဆေးမှုတွေလည်း ကြည့်ရှုမယ်လို့ ဆိုပါတယ်။ ခင်ပွန်းသည် သမ္မတဘုရှ်နဲ့ အတူ ထိုင်းနိုင်ငံသို့ တရားဝင် အလည်အပါတ် ရောက်နေတဲ့ သမ္မတ ကတော်ဟာ မြန်မာ ဒုက္ခသည်များအား ငှက်ဖျား ရောဂါကာကွယ်တဲ့ ခြင်ထောင်များ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ကျောင်းသုံးပစ္စည်း စသည်များကို ပေးလှူလိမ့် မယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG