၂၀၀၈ခုနှစ်
ကမ္ဘာ့ ဘေဂျင်း အိုလံပစ် နွေရာသီ အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဒီနေ့ တရုတ်
စံတော်ချိန် ည ၈နာရီ ၈မိနစ်မှာ စတင်ခဲ့တာပါ။ ငှက်သိုက်လို့ အမည်ပေးထားတဲ့ အိုလံပစ်
အမျိုးသား အားကစားရုံကြီးမှာ လူပေါင်း တသောင်းကျော် အစီအစဉ် အမျိုးမျိုးနဲ့
တရုတ်ဖော်မှုတွေနဲ့ သုံးနာရီခွဲကြာ ဖွင့်ပွဲ အခမ်းအားကို အခုချိန်မှာ
ကျင်းပနေပါတယ်။
ဘေဂျင်းမြို့တော်ရဲ့
ကောင်းကင်မှာလည်း ဖွင့်ပွဲစတင်ချိန်မှာ မီးရှူး မီးပန်းတွေ ပစ်လွှတ်ခဲ့ပြီးတော့
နိုင်ငံတကာခေါင်းဆောင် ၈၀ကျော်နဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ ဒီဖွင့်ပွဲ အခမ်းအနားကို
တက်ရောက်ခဲ့ကြပါတယ်။
ငှက်သိုက် အားကစားရုံကြီးထဲမှာ ဒီနေ့ ဖွင့်ပွဲ အခန်းအနားကို ဧည့်ပရိတ်သတ်ပေါင်း ၉၁၀၀၀က လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ သွေးစည်း ညီညွတ်ရေး ချစ်ခင် ရင်းနှီးမှုနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ အိုလံပစ်စိတ်ဓာတ်ကို ကမ္ဘာကြီးအတွက် တည်ဆောက်သွားဖို့အတွက် အိုလံပစ် အားကစားပွဲတော်ဟာ အခွင့်အလမ်းကောင်းတခုပါလို့ တရုတ် သမ္မတ ဟူချင်ထောင်က ဘေဂျင်း အိုလံပစ် ကမ္ဘာ့အားကစားပွဲတော် အခမ်းအနားတက်ရောက်ဖို့ ဘေဂျင်းမြို့တော်ကို ရောက်ရှိလာကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေကို နေလည်စာနဲ့ တည်ခင်းဧည့်ခံပွဲမှာ ပြောကြားသွားခဲ့ပါတယ်။