သုံးရလွယ်ကူစေသည့် Link များ

ရုရှားတပ်များ ဂျော်ဂျီယာတောင်ပိုင်းမြို့ထဲ ဝင်တိုက်


ဂျော်ဂျီယာနိုင်ငံရဲ့ တောင်ပိုင်း ဒေသကို ရုရှား စစ်တပ်က ဝင်ရောက် တိုက်ခိုက်နေပါတယ်။ မြို့တော် တာခင် ဗာလီကို ထိန်းချုပ်နိုင်ဖို့အတွက် ဂျော်ဂျီယာ စစ်တပ်က ကြိုးပမ်းနေချိန်မှာပဲ ရုရှား သံဂျပ်ကာကား ဝင်ရောက်လာတဲ့အကြောင်း ဂျော်ဂျီယာ သမ္မတ မစ်ခိုင်းလ် စခါဗီလီက CNNရုပ်သံဌာနနဲ့ မေးမြန်းခန်းတခုမှာ ပြောဆိုလိုက်ပါတယ်။ ဒီဒေသကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ တပ်ဖွဲ့တွေကို သူက အမိန့်ပေးထားတယ်ဆိုပြီးတော့ သူကပြောပါတယ်။ အဲဒီဒေသထဲက တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၁၅ဦး သေဆုံးခဲ့တယ်ဆိုပြီးလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ အခု ပဋိပက္ခကို ငြိမ်းချမ်းတဲ့နည်းတွေနဲ့ ဖြေရှင်းဖို့ တောင်းဆိုပါတယ်။ အခုပြဿနာတွေ ဖြေရှင်းနိုင်ဖို့လည်း အထူးကိုယ်စားလှယ် တယောက်စေလွှတ်မယ်လို့လည်း အမေရိကန် နိုင်ငံရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG