ဂျော်ဂျီယာ နိုင်ငံ က ခွဲထွက်သွားတဲ့ တောင်ပိုင်း အိုစိရှားဒေသမှာ ဂျော်ဂျီယာ တပ်တွေ နဲ့ ရုရှားတပ်တွေ တိုက်ခိုက်ကြရာမှာ လူတစ်ထောင်ကျော်သေဆုံးခဲ့ကြတယ်လို့ ဒေသခံ အရာရှိတွေ က သတင်းပေးကြပါတယ်။
တစ်ဘက် က တစ်ဘက် ကို ကျူးကျော်သူ အဖြစ် အပြန်အလှန် စွပ်စွဲထားကြပါတယ်။
သောကြာနေ့
အစောပိုင်း က ဂျော်ဂျီယာ တပ်တွေ က တောင်ပိုင်း အိုစိရှား မြို့တော် ရှင်ဗာလေး
Tskhinvali ကို သိမ်းပိုက်ခဲ့ကြပါတယ်။
ရုရှားတပ်တွေ က မြို့ ကို ပစ်ခတ်ခဲ့တဲ့အတွက် မြို့ရဲ့ အချို့ အပိုင်းတွေ
ကနေ ဂျော်ဂျီယာတပ်တွေ ထွက်ခွါခဲ့ရတယ်လို့ ဂျော်ဂျီယာ ပြည်ထဲရေး ၀န်ကြီး ဌာန
ပြောရေးဆိုခွင့် ရှိသူ က ပြောပါတယ်။
ရုရှားတပ်
တင့်ကားတွေ ၀င်ရောက်လာခဲ့တဲ့ အခါမှာ ထိုးစစ်ဆင်ဖို့ သူ အမိန့်ပေးခဲ့ကြောင်း
ဂျော်ဂျီယာ သမ္မတ မီခေးလ် ဆာခါရှေဗီလေး Mikhail Saakashvili က ပြောပါတယ်။
ခွဲထွက်သွားတဲ့ အိုစီရှား တောင်ပိုင်း ကို ဂျော်ဂျီယာ က စစ်ရေး အရ စ ၀င်တိုက်တဲ့အတွက် တုံ့ပြန်ရတာ ဖြစ်ပါတယ်လို့ ရုရှား က ပြောပါတယ်။