ဂျော်ဂျီယာနိုင်ငံမှာ ရုရှားနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲ
တွေ
အဆုံးသတ်စေရေး ရည်ရွယ်တဲ့ ဥရောပ
နိုင်ငံတွေ ထောက်ခံတဲ့ အပစ်အခတ်ရပ်စဲရေး
စာချုပ်မှာ
သူ လက်မှတ်ရေးထိုးခဲ့တယ်လို့
ဂျော်ဂျီယာသမ္မတ မီခေးလ် ဆာကတ်ရှ် ဗီလီ
(Mikhail
Saakashvili) က ပြောပါတယ်။
ဒီလက်မှတ်ထိုးထားတဲ့ စာချုပ်ကို ပြင်သစ်
နိုင်ငံ
ခြားရေးဝန်ကြီး ဘားနတ်ဒ် ကူရှနဲ (Bernard
Kouchner) နဲ့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး
အလက်ဇန်းဒါး စတပ်ဘ် (Alexander Stubb)
တို့က ရုရှားနိုင်ငံဆီကို ဒီနေ့ ယူဆောင်သွားမှာ
ဖြစ်ပါတယ်။ ဒါဟာ
ဂျော်ဂျီယာကတိုက်ပွဲတွေ
အဆုံးသတ်စေရေးအတွက် အဆင့်မြင့် သံတမန်ရေးအရ
ကြိုးပမ်းချက်တခုလည်း
ဖြစ်ပါတယ်။
ဒီနေ့မှာ ဂျော်ဂျီယာက ပစ်မှတ်တွေအပေါ်
ရုရှားတိုက်လေယာဉ်တွေပေါ်က တိုက်ခိုက်
ခဲ့ပြီး ဂျော်ဂျီယာ ခွဲထွက်နယ်မြေရဲ့
မြို့တော်ဖြစ်တဲ့ စကင်ဗေလီမြို့မှာလည်း
ဂျော်ဂျီယာဘက်က ဆက်လက်တိုက်ခိုက်နေတယ်လို့
ရုရှားတာဝန်ရှိသူတွေဘက်က
ဆိုပါတယ်။
ဂျော်ဂျီယာအစိုးရဘက်က အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာလိုက်တာနဲ့
တောင်အော်ဆဲတီးယားကနေ ထွက်ခွာသွားကြပါတယ်။