ဂျော်ဂျီယာဟာ ဘယ်တော့မှ အရှုံးပေး
အညံ့ခံမှာမဟုတ်သလို
ဂျော်ဂျီယာရဲ့ ဒီမို
ကရေစီဟာ ရုရှားကကြဲချနေတဲ့ ဗုံးတွေ
ထက် ပိုပြီး
ခိုင်မာမြဲမြံတယ်လို့ ဂျော်ဂျီယာ
သမ္မတ မီခေးလ် ဆာကတ်ရှ် ဗီလီ (Mikhail
Saakashvili) က စီအန်န်အန်န် ရုပ်မြင်
သံကြားသတင်းဌာနနဲ့
တွေ့ဆုံခန်းမှာ
ပြောကြားလိုက်ပါတယ်။
အိုဇက်စတီးယားတောင်ပိုင်းကို ကြဲချနေတဲ့
ရုရှားရဲ့ဗုံးတွေမှာ ဒါက နေတိုးအတွက်၊ ဒါက အမေရိကန်အတွက် အမှတ်အသားတွေ
ပါတယ်လို့လည်း သူက ပြောဆိုလိုက်ပြီး ရုရှားရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ သူ့ကို
ဖြုတ်ချဖို့ပါပဲလို့
ဆိုပါတယ်။
ပြင်သစ်ကတင်သွင်းတဲ့ ဂျော်ဂျီယာနဲ့ ရုရှား အပစ်အခတ်ရပ်စဲရေး
ကုလသမဂ္ဂ
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို စဉ်းစားဆွေးနွေးကြဖို့
လုံခြုံရေးကောင်စီ
က မနေ့က ဂျော်ဂျီယာ ပဋိပက္ခအတွက် ငါးကြိမ်မြောက်
အစည်းအဝေးအပြီးမှာ စီစဉ်
နေပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဇာလ်မေး ခါလီဇတ်ဒ် (Zalmay Khalilzad)
က စီအန်န်အန်န် ရုပ်မြင်သံကြားနဲ့ တွေ့ဆုံခန်းမှာ ရုရှားအနေနဲ့
တကမ္ဘာလုံးနဲ့
ဆက်ဆံရေးပျက်ပြားမှုကို ဂျော်ဂျီယာကို တိုက်ခိုက်မှုရဲ့ တန်ဖိုးအဖြစ် ပေးဆပ်ရလိမ့်
မယ်၊
လုံခြုံရေးကောင်စီက ရုရှားကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့
ဆောင်ရွက်ပါလို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂ အီးယူ ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားနဲ့
ဂျော်ဂျီယာတပ်တွေ
ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို သူ့အနေနဲ့ လက်မှတ်ရေးထိုးခဲ့ပြီးပြီလို့
ဂျော်ဂျီယာသမ္မတ မီခေးလ် ဆာကတ်ရှ် ဗီလီက မနေ့က ကြေညာလိုက်ပါတယ်။
ရုရှား ဒု-ဝန်ကြီးချုပ် ဆာဂျီ အီဗာနော့ဗ် (Sergei Ivanov) ကတော့ ဂျော်ဂျီယာက
အကြမ်းဖက်မှုတွေ ဘယ်တော့မှမလုပ်ပါဘူးလို့ ကတိပြုမှ
ရုရှားအနေနဲ့ အဲဒီသဘော
တူညီမှုကို လက်မှတ်ရေးထိုးမယ်လို့ အမေရိကန် ရုပ်မြင်သံကြား
အစီအစဉ်တခုကို
ပြောကြားလိုက်ပါတယ်။
ရိကန်သမ္မတ ဂျော့ချ်ဘုရှ် (George Bush) ကလည်း အိမ်ဖြူတော်မှာ မနေ့က ပြောဆို
ခဲ့ပါတယ်။