သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာတွင် တိုက်ခိုက်မှုများရပ်ဆိုင်းရန် ရုရှုားသမ္မတ ညွှန်ကြား


ဂျော်ဂျီယာနိုင်ငံမှာ စစ်ရေးအရ လုပ်ဆောင်နေ
တာတွေရပ်ဆိုင်းဖို့ သူအမိန့်ပေးလိုက်ပြီလို့ ရုရှား
သမ္မတ ဒီမီထရီ မက်ဗီယာဒက်ဗ်က ပြောပါတယ်။
ဒါပေမယ့် ရုရှားတိုက်လေယာဉ်တွေဟာ ဂျော်ဂျီ
ယာနိုင်ငံထဲကပစ်မှတ်တွေကို ဆက်ပြီး တိုက်ခိုက်
နေတုန်းပဲလို့ ဂျော်ဂျီယာသမ္မတ မစ်ခေးလ်
ဆာခါရှ်ဗီလီက ဂျော်ဂျီယာမြို့တော်ကနေ
ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး အနောက်နိုင်ငံတွေရဲ့
တောင်းဆိုချက်ကို တွန်းအားပေးလုပ်ဆောင်ဖို့
ပြင်သစ်သမ္မတ နီကိုလာ ဆာကောဇီး ဒီကနေ့
မော်စကိုမြို့တော်ကို ရောက်သွားတာနဲ့အမျှ
မစ္စတာမက်ဗီယာဒက်ဗ်က အခုလိုကြေညာ
လိုက်တာပါ။

ရုရှားတပ်တွေ ဂျော်ဂျီယာနိုင်ငံအတွင်းပိုင်းထဲထိ ရောက်သွားခဲ့ကြပြီး ရုရှားရဲ့ လေ
ကြောင်းနဲ့ မြေပြင်ကနေ ငါးရက်ကြာ အပြင်းအထန် တိုက်ခိုက်မှုတွေကို အခုကြေညာ
ချက်က ရပ်ဆိုင်းသွားစေမှာဖြစ်ပါတယ်။ ဂျော်ဂျီယာကနေ ခွဲထွက်တယ်လို့ ကြေညာ
ထားတဲ့ တောင် အိုဆက်တီးယားဒေသက ရုရှားလိုလားတဲ့ခွဲထွက်ရေးသမားတွေကို
ဂျော်ဂျီယာကတိုက်ခိုက်တဲ့အပေါ် လက်တုန့်ပြန်တဲ့အနေနဲ့ ရုရှားကဝင်တိုက်ခဲ့တာပါ။
တိုက်ခိုက်မှုတွေအတွင်း လူနှစ်ထောင်ကျော် သေဆုံးပြီးပြီလို့ သတင်းတွေကဆိုပေ
မယ့် သေဆုံးသူဒီ့ထက်ပိုများမယ်လို့ သုံးသပ်သူတွေကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG